ဂိုဆောင်စာသား

မှန်းမြတ်သည့် ဖော်ပြချက်

1
12 သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​လက်​ခံ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​သား သ​မီး​များ​ဖြစ်​ခွင့်​ကို​ရ​ကြ​၏။-
book-open-2 READ

အ​သက်​တည်း​ဟူ​သော နှုတ်​က​ပတ်​တော်

1ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီ​က​ပင် နှုတ်​က​ပတ်​တော်​ရှိ​တော်​မူ​၏။ နှုတ်​က​ပတ်​တော် သည်​ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ နှုတ်​က​ပတ်​တော်​သည်​လည်း​ဘု​ရား​ဖြစ်​တော်​မူ​၏။- 2နှုတ်​က​ပတ်​တော်​သည်​အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။- 3ဘု​ရား​သ​ခင်​သည်​နှုတ်​က​ပတ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဖန်​ဆင်း​ခြင်း​နှင့်​ကင်း​၍​ပေါ်​လာ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။- 4ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​သက်​ကို​ရ​ရှိ​ကြ​၏။ ထို​အ​သက်​သည်​လူ​သား​တို့ အ​တွက်​အ​လင်း​ဖြစ်​၏။- 5ထို​အ​လင်း​သည်​အ​မှောင်​တွင်​ထွန်း​လင်း​၍​အ​မှောင်​သည် ထို​အ​လင်း​ကို​အ​ဘယ်​အ​ခါ​မျှ​မ​ဖုံး​လွှမ်း​နိုင်။ 6ဘု​ရား​သ​ခင်​သည်​ယော​ဟန်​ဆို​သူ​အား​မိ​မိ ၏​စေ​တ​မန်​အ​ဖြစ်​ဖြင့်​စေ​လွှတ်​တော်​မူ​၏။- 7တ​ရား​တော်​ကို​လူ​အ​ပေါင်း​တို့​ကြား​၍ ယုံ​ကြည်​လာ​စိမ့်​သော​ငှာ ထို​သူ​သည်​အ​လင်း တော်​အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​၏။- 8သူ သည်​အ​လင်း​တော်​မ​ဟုတ်။ အ​လင်း​တော် အ​ကြောင်း​ကို​သက်​သေ​ခံ​ရန်​လာ​သူ​ဖြစ်​၏။- 9ထို​အ​လင်း​တော်​သည်​လော​က​သို့​ကြွ​လာ​၍ လူ​သား​အ​ပေါင်း​တို့​အ​ပေါ်​တွင် ထွန်း​လင်း တောက်​ပ​သည့်​စစ်​မှန်​သော​အ​လင်း​ဖြစ်​ပေ သည်။ 10နှုတ်​က​ပတ်​တော်​သည်​လော​က​၌​ရှိ​တော်​မူ​၏။ လော​က​ကို​နှုတ်​က​ပတ်​တော်​အား​ဖြင့်​ဖန်​ဆင်း တော်​မူ​သော်​လည်း လော​က​သည်​ကိုယ်​တော်​ကို မ​သိ။- 11ကိုယ်​တော်​သည်​မိ​မိ​နေ​ရင်း​ပြည်​သို့​ကြွ​တော်​မူ သော်​လည်း မိ​မိ​၏​ပြည်​သား​များ​က​လက်​မ​ခံ ကြ။- 12သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​လက်​ခံ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​သား သ​မီး​များ​ဖြစ်​ခွင့်​ကို​ရ​ကြ​၏။- 13ထို​သူ​တို့​သည်​လူ​သား​ဖ​ခင်​မှ​ပေါက်​ဖွား​လာ သော​သား​သ​မီး​များမ​ဟုတ်။ ဘု​ရား​သ​ခင် ပေါက်​ဖွား​စေ​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​၏။ 14နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။ 15ကိုယ်​တော်​၏​အ​ကြောင်း​ကို​ယော​ဟန်​ဟော​ပြော​၏။ ယော​ဟန်​က ``ငါ​၏​နောက်​ကြွ​လာ​သူ​သည်​ငါ မ​မွေး​မီ​က​ပင်​ရှိ​နေ​နှင့်​သ​ဖြင့်​ငါ့​ထက်​ကြီး မြတ်​သူ​ဖြစ်​သည်​ဟု​ငါ​သက်​သေ​ခံ​ခဲ့​သူ​ကား ဤ​အရှင်​ပင်​တည်း'' ဟု​ကြွေး​ကြော်​လေ​သည်။ 16ကိုယ်​တော်​သည်​ကျေး​ဇူး​တော်​ပြည့်​စုံ​ကြွယ်​ဝ​တော် မူ​သည်​နှင့်​အ​ညီ ငါ​တို့​အား​ကောင်း​ချီး​မင်္ဂ​လာ တစ်​ပါး​ပြီး​တစ်​ပါး​ချ​ပေး​တော်​မူ​၏။- 17ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။- 18လူ​တစ်​စုံ​တစ်​ယောက်​မျှ​ဘု​ရား​သ​ခင်​ကို​မ​မြင် စ​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​တော် မူ​သော၊ ဘု​ရား​ဖြစ်​တော်​မူ​သော၊ တစ်​ပါး​တည်း သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို​ထင်​ရှား စေ​တော်​မူ​ပြီ။

2
19 19သ​ခင်​ယေ​ရှု​က ``ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက် ကြ​လော့။ သုံး​ရက်​အ​တွင်း​ငါ​ပြန်​လည်​တည် ဆောက်​မည်'' ဟု​မိန့်​တော်​မူ​၏။
book-open-2 READ

ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​ခြင်း

13ယု​ဒ​အ​မျိုး​သား​တို့​၏​ပ​သ​ခါ​ပွဲ​နီး​ကပ်​လာ သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​ကြွ​တော်​မူ​၏။- 14ကိုယ်​တော်​သည်​ဗိ​မာန်​တော်​အ​တွင်း​တွင်​နွား​များ၊ သိုး​များ၊ ချိုး​ငှက်​များ​ရောင်း​သော​သူ​များ​နှင့် ငွေ​လဲ​လှယ်​နေ​သူ​များ​ထိုင်​လျက်​နေ​သည်​ကို တွေ့​တော်​မူ​၏။- 15ထို​အ​ခါ​ကြိုး​ဖြင့်​နှင်​တံ​ကို​ပြု​လုပ်​ပြီး​လျှင် သိုး​နွား​များ​ကို​ဗိ​မာန်​တော်​ထဲ​မှ​မောင်း​ထုတ် တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​ငွေ​များ​ကို သွန်​ချ​၍ ငွေ​တင်​ခုံ​များ​ကို​မှောက်​လှန်​ပစ် တော်​မူ​၏။- 16ကိုယ်​တော်​က ``ဤ​အ​ရာ​များ​ကို​ယူ​သွား ကြ။ ငါ့​အ​ဖ​၏​အိမ်​တော်​ကို​စျေး​မ​ဖြစ်​စေ နှင့်'' ဟု​ချိုး​ငှက်​ရောင်း​သူ​များ​အား​မိန့်​တော် မူ​၏။- 17ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော် ၏​အိမ်​တော်​အ​ပေါ်​ချစ်​ခင်​တွယ်​တာ​မှု​သည် အ​ကျွန်ုပ်​၏​ရင်​အ​တွင်း​၌​မီး​သ​ဖွယ်​ကျွမ်း လောင်​လျက်​ရှိ​ပါ​၏'' ဟူ​သော​ကျမ်း​စကား ကို​သ​တိ​ရ​ကြ​၏။ 18ယု​ဒ​အာ​ဏာ​ပိုင်​တို့​က ``သင်​သည်​ဤ​အ​မှု အ​ရာ​များ​ကို​ပြု​လုပ်​ပိုင်​ကြောင်း​သိ​သာ စေ​ရန် ငါ​တို့​အား​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ ကို​ပြ​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ 19သ​ခင်​ယေ​ရှု​က ``ဤ​ဗိ​မာန်​တော်​ကို​ဖြို​ဖျက် ကြ​လော့။ သုံး​ရက်​အ​တွင်း​ငါ​ပြန်​လည်​တည် ဆောက်​မည်'' ဟု​မိန့်​တော်​မူ​၏။ 20ယု​ဒ​အ​မျိုး​သား​တို့​က ``ဤ​ဗိ​မာန်​တော် ကို​လေး​ဆယ့်​ခြောက်​နှစ်​တိုင်​တိုင်​တည်​ဆောက် ခဲ့​ရ​၏။ သင်​က​သုံး​ရက်​နှင့်​ပြန်​လည်​တည် ဆောက်​ပါ​မည်​လော'' ဟု​မေး​ကြ​၏။ 21ကိုယ်​တော်​ကား​မိ​မိ​၏​ကိုယ်​ခန္ဓာ​တော်​တည်း​ဟူ သော​ဗိ​မာန်​တော်​ကို​ရည်​စူး​၍​မိန့်​တော်​မူ​ခြင်း ဖြစ်​၏။- 22သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​အ​ခါ ဤ သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည်​ကို​ပြန်​လည် သ​တိ​ရ​ကြ​လျက် ကျမ်း​စာ​တော်​ကို​လည်း ကောင်း၊ သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သော စ​ကား​တော်​ကို​လည်း​ကောင်း​ယုံ​ကြ​၏။ လူ့​အ​ကြောင်း​ကို​သ​ခင်​ယေ​ရှု သိ​တော်​မူ​ခြင်း 23ယေ​ရု​ရှ​လင်​မြို့​တွင်​ကျင်း​ပ​သည့်​ပ​သ​ခါ​ပွဲ ၌ ကိုယ်​တော်​ပြ​တော်​မူ​သည့်​အံ့​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​တွေ့​မြင်​ရ​ကြ​သ​ဖြင့် လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​အား​ယုံ​ကြည် လာ​ကြ​၏။- 24သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့​၏ အ​ကြောင်း​ကို​သိ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ အား​ယုံ​စား​တော်​မ​မူ။ 25ကိုယ်​တော်​သည်​လူ​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည် ကို​သိ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​အား​လူ့ အ​ကြောင်း​ကို​အ​ဘယ်​သူ​မျှ​ပြော​ရန်​မ​လို။

3
16 16ဘု​ရား​သ​ခင်​သည်​လော​က​သား​တို့​ကို​လွန်​စွာ ချစ်​တော်​မူ​သ​ဖြင့် သား​တော်​အား​ယုံ​ကြည်​သူ အ​ပေါင်း​တို့​သည်​ပျက်​စီး​ဆုံး​ပါး​ခြင်း​မ​ရှိ ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ မိ​မိ ၏​တစ်​ပါး​တည်း​သော​သား​တော်​ကို​စွန့်​တော် မူ​၏။-
book-open-2 READ

သ​ခင်​ယေ​ရှု​နှင့်​နိ​ကော​ဒင်

1ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ဖြစ်​သူ​နိ​ကော​ဒင်​နာ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​တစ်​ယောက်​ရှိ​၏။- 2သူ​သည်​ညဥ့်​အ​ခါ​ကိုယ်​တော်​၏​ထံ​သို့​လာ​၍ ``အ​ရှင်​ဘု​ရား၊ ဘု​ရား​သ​ခင်​အ​တူ​ပါ​ရှိ​တော် မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​ရှင်​ပြ​တော်​မူ​သော အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​မည် မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​သည်​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​ဆ​ရာ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏'' ဟု​လျှောက်​၏။ 3သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား တစ်​ဖန်​မွေး​ဖွား​ခြင်း​မ​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို​မ​မြင်​နိုင်'' ဟု မိန့်​တော်​မူ​၏။ 4နိ​ကော​ဒင်​က ``အ​သက်​ကြီး​သော​သူ​သည် အ​ဘယ်​သို့​လျှင် တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ ပါ​မည်​နည်း။ အ​မိ​ဝမ်း​သို့​ပြန်​၍​ဝင်​ပြီး​လျှင် ဒု​တိ​ယ​အ​ကြိမ်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ပါ မည်​လော'' ဟု​လျှောက်​၏။ 5သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ ဆို​သည်​ကား၊ ရေ​နှင့်​ဝိညာဉ်​တော်​အား​ဖြင့်​မွေး ဖွား​လာ​သူ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​မ​ဝင်​ရ။- 6အ​သွေး​အ​သား​အား​ဖြင့်​မွေး​ဖွား​သူ​သည် အ​သွေး​အ​သား​ဖြစ်​၏။ ဝိညာဉ်​တော်​အား​ဖြင့် မွေး​ဖွား​သူ​သည်​ဝိ​ညာဉ်​ဖြစ်​၏။- 7တစ်​ဖန်​မွေး​ဖွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု​ငါ ဆို​သည်​ကို​မ​အံ့​သြ​နှင့်။- 8လေ​သည်​မိ​မိ​တိုက်​လို​ရာ​သို့​တိုက်​တတ်​၏။ လေ​၏ အ​သံ​ကို​ကြား​ရ​သော်​လည်း​အ​ဘယ်​အ​ရပ်​မှ တိုက်​လာ​သည်​ကို​သော်​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ် သို့​တိုက်​လိမ့်​မည်​ကို​သော်​လည်း​ကောင်း​မ​သိ​နိုင်။ ဝိ​ညာဉ်​တော်​အား​ဖြင့်​မွေး​ဖွား​သူ​တိုင်း​သည် လည်း ဤ​နည်း​တူ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ 9နိ​ကော​ဒင်​က ``ဤ​အ​မှု​အ​ရာ​သည်​အ​ဘယ် သို့​ဖြစ်​နိုင်​ပါ​မည်​နည်း'' ဟု​လျှောက်​၏။ 10သ​ခင်​ယေ​ရှု​က ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဆ​ရာ​တစ်​ဦး​ဖြစ်​ပါ​လျက် ဤ အ​မှု​အ​ရာ​အ​ကြောင်း​ကို​မ​သိ​သ​လော။- 11အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား ငါ​တို့ သည်​မိ​မိ​တို့​သိ​သည့်​အ​ရာ​ကို​ပြော​ကြ​၏။ မြင် သည့်​အ​ရာ​ကို​သက်​သေ​ခံ​ကြ​၏။ သို့​ရာ​တွင် ငါ​တို့​၏​သက်​သေ​ခံ​ချက်​ကို​သင်​တို့​လက် မ​ခံ​ကြ။- 12လော​က​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ငါ​ဖော်​ပြ သော​အ​ခါ​၌​သင်​တို့​မ​ယုံ​ကြ​လျှင် ကောင်း​ကင် ဘုံ​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​ဖော်​ပြ​သော အ​ခါ​၌ အ​ဘယ်​သို့​လျှင်​သင်​တို့​ယုံ​ကြည် ကြ​မည်​နည်း။- 13ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သော​လူ​သား မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ကောင်း​ကင်​ဘုံ​သို့ မ​ရောက်​ဖူး​ကြ'' ဟု​မိန့်​တော်​မူ​၏။ 14-15မိ​မိ​အား​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ အ​သက်​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​သား​သည်​တော ကန္တာ​ရ​၌​တိုင်​ထိပ်​တွင်​မော​ရှေ​မြှောက်​တင်​ထား သည့်​ကြေး​မြွေ​ရုပ်​ကဲ့​သို့​မြှောက်​တင်​ခြင်း ခံ​ရ​လိမ့်​မည်။- 16ဘု​ရား​သ​ခင်​သည်​လော​က​သား​တို့​ကို​လွန်​စွာ ချစ်​တော်​မူ​သ​ဖြင့် သား​တော်​အား​ယုံ​ကြည်​သူ အ​ပေါင်း​တို့​သည်​ပျက်​စီး​ဆုံး​ပါး​ခြင်း​မ​ရှိ ဘဲ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ မိ​မိ ၏​တစ်​ပါး​တည်း​သော​သား​တော်​ကို​စွန့်​တော် မူ​၏။- 17သား​တော်​ကို​လော​က​သို့​စေ​လွှတ်​တော်​မူ​သည် မှာ လော​က​သား​တို့​အား​အ​ပြစ်​စီ​ရင်​ရန် မ​ဟုတ်။ လော​က​သား​တို့​ကို​ကယ်​တင်​ရန် ဖြစ်​၏။ 18သား​တော်​ကို​ယုံ​ကြည်​သူ​သည်​အ​ပြစ်​စီ​ရင် တော်​မူ​ခြင်း​ကို​မ​ခံ​ရ။ မ​ယုံ​ကြည်​သူ​မူ​ကား ဘု​ရား​သ​ခင်​၏​တစ်​ပါး​တည်း​သော​သား​တော် ကို​မ​ယုံ​ကြည်​သည့်​အ​တွက် ယ​ခု​ပင်​အ​ပြစ် စီ​ရင်​ခြင်း​ကို​ခံ​ရ​၏။- 19အ​ပြစ်​စီ​ရင်​ခြင်း​၏​သ​ဘော​တ​ရား​ကား ဤ​သို့​တည်း။ အ​လင်း​တော်​သည်​ဤ​လော​က သို့​ရောက်​ရှိ​လာ​၏။ သို့​ရာ​တွင်​လူ​တို့​သည် ဆိုး​ယုတ်​သူ​များ​ဖြစ်​သည်​အား​လျော်​စွာ အ​လင်း​တော်​ထက်​အ​မှောင်​ကို​နှစ်​သက် ကြ​၏။- 20ဆိုး​ယုတ်​သူ​တိုင်း​အ​လင်း​ကို​မုန်း​၏။ မိ​မိ​၏ အ​ကျင့်​ဆိုး​ပေါ်​သွား​မည်​ကို​စိုး​၍​အ​လင်း အ​နီး​သို့​မ​ကပ်​ဝံ့။- 21သို့​ရာ​တွင်​သစ္စာ​တ​ရား​ကို​ကျင့်​သော​သူ​များ ကား မိ​မိ​ပြု​လေ​သ​မျှ​သော​အ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​ဖြစ် ကြောင်း​ကို သိ​သာ​ထင်​ရှား​စေ​ရန်​အ​လင်း သို့​ချဉ်း​ကပ်​လာ​တတ်​သည်။

4
14 ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။
book-open-2 READ

သ​ခင်​ယေ​ရှု​နှင့်​ရှ​မာ​ရိ​အ​မျိုး​သ​မီး

1သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထက်​ပို​၍​များ သော​တ​ပည့်​များ​ကို ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​လျက် နေ​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​၏။- 2(အ​မှန်​မှာ​သ​ခင်​ယေ​ရှု​ကိုယ်​တော်​တိုင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ပေး​တော်​မ​မူ။ တ​ပည့်​တော်​တို့​သာ လျှင်​ပေး​ခြင်း​ဖြစ်​၏။)- 3ယင်း​သို့​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ​ကြောင်း​ကို သ​ခင်​ယေ​ရှု​သိ​တော်​မူ​လျှင် ယု​ဒ​ပြည်​မှ ထွက်​ခွာ​တော်​မူ​၍​ဂါ​လိ​လဲ​ပြည်​သို့​ကြွ တော်​မူ​၏။- 4လမ်း​တွင်​ရှ​မာ​ရိ​ပြည်​ကို​ဖြတ်​၍​သွား​ရ​၏။ 5ရှု​ခါ​နာ​မည်​ရှိ​သော​မြို့​သို့​ရောက်​တော်​မူ​၏။ ထို​မြို့​သည်​ယာ​ကုပ်​က​သား​ယော​သပ်​အား ပေး​သည့်​မြေ​ယာ​အ​နီး​တွင်​တည်​ရှိ​၏။- 6ထို​အ​ရပ်​တွင်​ယာကုပ်​၏​ရေ​တွင်း​ရှိ​၏။ သ​ခင် ယေ​ရှု​သည်​ခ​ရီး​ပန်း​တော်​မူ​သ​ဖြင့်​ရေ​တွင်း အ​နီး​တွင်​ထိုင်​တော်​မူ​၏။ ထို​အ​ချိန်​ကား​မွန်း တည့်​အ​ချိန်​ခန့်​ဖြစ်​သ​တည်း။ 7ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည်​ရေ​ခပ်​ရန် ရောက်​ရှိ​လာ​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​အား သောက်​ရေ​တစ်​ခွက်​ပေး​ပါ'' ဟု​ထို​အ​မျိုး သ​မီး​အား​မိန့်​တော်​မူ​၏။- 8(တ​ပည့်​တော်​တို့​သည်​အ​စား​အ​စာ​ဝယ်​ရန် မြို့​ထဲ​သို့​သွား​နေ​ခိုက်​ဖြစ်​၏။) 9ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``သင်​သည်​ယု​ဒ အ​မျိုး​သား​တစ်​ယောက်​ဖြစ်​ပါ​လျက် ရှ​မာ​ရိ အ​မျိုး​သ​မီး​ဖြစ်​သူ​ကျွန်​မ​ထံ​မှ​သောက်​ရေ ကို​အ​ဘယ်​ကြောင့်​တောင်း​ပါ​သ​နည်း'' ဟု​မေး​၏။ (ဤ​သို့​မေး​ရ​သည့်​အ​ကြောင်း​မှာ​ယု​ဒ​အ​မျိုး သား​များ​သည် ရှ​မာ​ရိ​အ​မျိုးသား​တို့​၏​ခွက် ယောက်​များ​ကို​အ​သုံး​ပြု​လေ့​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။) 10သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဆု​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ သင့်​အား​သောက်​ရေ​တစ်​ခွက်​တောင်း​နေ​သူ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း​သင်​သည် သိ​ပါ​လျှင် ထို​သူ​၏​ထံ​မှ​အ​သက်​ရေ​ကို တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း​သင့်​အား ထို​ရေ​ကို​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ 11ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ရေ​တွင်း​သည် နက်​ပါ​၏။ အ​ရှင့်​မှာ​ခပ်​စ​ရာ​ရေ​ပုံး​မ​ရှိ ပါ။ အ​ဘယ်​မှာ​လျှင်​အ​သက်​ရေ​ကို​ရ​ပါ မည်​နည်း။- 12အ​ဖ​ယာ​ကုပ်​သည်​သူ​ကိုယ်​တိုင်​မှ​စ​၍​သား များ၊ သိုး​များ၊ နွား​များ​သည်​ဤ​ရေ​တွင်း​ရေ ကို​သောက်​ခဲ့​ကြ​ပါ​၏။ အ​ရှင်​သည်​အ​ဖ ယာ​ကုပ်​ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော'' ဟု ဆို​၏။ 13သ​ခင်​ယေ​ရှု​က ``ဤ​ရေ​ကို​သောက်​သူ​တိုင်း နောက်​တစ်​ဖန်​ရေ​ငတ်​လိမ့်​ဦး​မည်။- 14ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ 15ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ကျွန်​မ​သည်​နောက် တစ်​ဖန်​ရေ​မ​ငတ်​စေ​ရန်​လည်း​ကောင်း၊ ဤ​အ​ရပ် သို့​လာ​၍​ရေ​မ​ခပ်​ရ​စေ​ရန်​လည်း​ကောင်း ထို​ရေ ကို​ကျွန်​မ​အား​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။ 16ကိုယ်​တော်​က ``သွား​လော့။ သင့်​ခင်​ပွန်း​ကို​ခေါ် ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ 17ထို​အ​မျိုး​သ​မီး​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ ပါ'' ဟု​ဆို​၏။ ကိုယ်​တော်​က ``ကျွန်​မ​မှာ​ခင်​ပွန်း​မ​ရှိ​ဟု​ဆို သည်​မှာ​မှန်​ပေ​၏။- 18သင့်​မှာ​ခင်​ပွန်း​ငါး​ယောက်​ရှိ​ခဲ့​ဖူး​ပြီ။ ယ​ခု သင်​နှင့်​အ​တူ​နေ​သူ​ကား​သင်​၏​ခင်​ပွန်း​မ ဟုတ်။ သင်​သည်​မှန်​သော​စ​ကား​ကို​ပြော​၏'' ဟု မိန့်​တော်​မူ​၏။ 19အ​မျိုး​သ​မီး​က ``အ​ရှင်​သည်​ပ​ရော​ဖက် ဖြစ်​တော်​မူ​ကြောင်း​ကို​ကျွန်​မ​သိ​မြင်​နိုင် ပါ​၏။- 20ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည်​ဤ​တောင် ပေါ်​မှာ ဘု​ရား​သ​ခင်​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ့ ရှိ​ကြ​ပါ​၏။ အ​ရှင်​တို့​ယုဒ​အ​မျိုး​သား​များ က​မူ​ယေ​ရု​ရှ​လင်​မြို့​၌​သာ ဘု​ရား​သ​ခင် ကို​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်​ဟု​ဆို​ကြ​ပါ​၏'' ဟု​လျှောက်​၏။ 21သ​ခင်​ယေ​ရှု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ငါ့ စ​ကား​ကို​ယုံ​လော့။ ဤ​တောင်​ပေါ်​၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း​ခ​မည်း​တော်​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​တော့​မည့်​အ​ချိန် ရောက်​ရှိ​လာ​ပေ​အံ့။- 22ရှ​မာ​ရိ​လူ​မျိုး​ဖြစ်​သော​သင်​တို့​သည် မိ​မိ​တို့ မ​သိ​သည့်​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​တို့​မူ​ကား​ငါ​တို့​သိ​သည့်​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည် ယု​ဒ​အ​မျိုး သား​များ​ထံ​မှ​တစ်​ဆင့်​သက်​ရောက်​လာ​သော ကြောင့်​ဖြစ်​၏။- 23ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့ သည်​ခ​မည်း​တော်​အား အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​သည့်​အ​တိုင်း ဝိ​ညာဉ် တော်​တန်​ခိုး​အား​ဖြင့်​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး ကွယ်​ရ​မည့်​အ​ချိန်​ရောက်​လာ​လိမ့်​မည်။ ယ​ခု ပင်​ရောက်​လျက်​ရှိ​၏။ ထို​သို့​ဝတ်​ပြု​ကိုး​ကွယ် သူ​တို့​ကို​ခ​မည်း​တော်​နှစ်​သက်​တော်​မူ​၏။- 24ဘု​ရား​သ​ခင်​သည်​နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ သ​ဖြင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့ သည်​လည်း​ကိုယ်​တော်​အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ သည့်​အ​တိုင်း ကိုယ်​တော်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​မှန် ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။ 25အ​မျိုး​သ​မီး​က ``မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား​အ​မှု​အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ 26သ​ခင်​ယေ​ရှု​က ``ထို​အ​ရှင်​ကား​သင်​နှင့်​ယ​ခု စ​ကား​ပြော​နေ​သူ​ငါ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။ 27ထို​အ​ချိန်​၌​တ​ပည့်​တော်​တို့​ပြန်​ရောက်​လာ ကြ​၏။ သူ​တို့​သည်​အ​မျိုး​သ​မီး​နှင့်​ကိုယ်​တော် စ​ကား​ပြော​လျက်​နေ​သည်​ကို​တွေ့​ရ​သ​ဖြင့် အံ့​သြ​ကြ​၏။ သို့​ရာ​တွင်​အ​မျိုး​သ​မီး​အား ``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​အား ``အ​ဘယ် ကြောင့်​ထို​အ​မျိုး​သ​မီး​နှင့်​စ​ကား​ပြော လျက်​နေ​တော်​မူ​ပါ​သ​နည်း'' ဟူ​၍​လည်း ကောင်း​အ​ဘယ်​သူ​မှ​မ​မေး​လျှောက်​ကြ။ 28အ​မျိုး​သ​မီး​သည်​ရေ​အိုး​ကို​ထား​ခဲ့​၍​မြို့ ထဲ​သို့​သွား​ပြီး​လျှင်၊- 29``ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ပြ​သူ​ကို​လာ​၍​ကြည့်​ကြ ပါ။ သူ သည်​ခ​ရစ်​တော်​ပင်​ဖြစ်​လိမ့်​မည်​လော'' ဟု​လူ​တို့​အား​ဆို​၏။- 30သို့​ဖြစ်​၍​လူ​တို့​သည်​မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​၏​ထံ​သို့​လာ​ကြ​၏။31ဤ​အ​တော​အ​တွင်း​၌​တ​ပည့်​တော်​တို့​က ``အ​ရှင် ဘု​ရား၊ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​ပါ'' ဟု လျှောက်​ထား​တောင်း​ပန်​ကြ​၏။32ကိုယ်​တော်​က ``သင်​တို့​မ​သိ​ကြ​သည့်​အ​စား အ​စာ​ကို​ငါ​သုံး​ဆောင်​ပြီး​ပြီ'' ဟု​မိန့်​တော် မူ​၏။- 33ထို့​ကြောင့်​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော်​အား အ​စား​အ​စာ​ဆက်​ကပ်​သူ​တစ်​စုံ​တစ် ယောက်​ရှိ လေ​ပြီ​လော'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။ 34ကိုယ်​တော်​က ``ငါ​၏​အ​စား​အ​စာ​ကား​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​၍ ထို​အ​ရှင်​ပေး​အပ်​သည့်​အ​မှု​တော် ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​ခြင်း​ပင်​ဖြစ်​၏။- 35နောက်​လေး​လ​မျှ​ကြာ​လျှင်​ကောက်​ရိတ်​ချိန် ရောက်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​ကြ​သည် မ​ဟုတ်​လော။ သင်​တို့​အား​ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို​မျှော်​ကြည့်​လော့။ ရိတ်​သိမ်း ရန်​သီး​နှံ​တို့​သည်​မှည့်​ဝင်း လျက်​ရှိ​ပေ​ပြီ။- 36ရိတ်​သူ​သည်​အ​ခ​ကို​ခံ​ယူ​၍​ထာ​ဝ​ရ​အ​သက် ဆိုင်​ရာ​သီး​နှံ​များ​ကို​ရိတ်​သိမ်း​၏။ သို့​ဖြစ်​၍ စိုက်​သူ​နှင့်​ရိတ်​သူ​တို့​သည် အ​တူ​တ​ကွ​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။- 37`တစ်​ဦး​ကား​စိုက်​၍​နောက်​တစ်​ဦး​ကား​ရိတ်​ရ​၏' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​မှန်​ကန်​လျက်​နေ သ​တည်း။- 38သင်​တို့​မ​စိုက်​မ​ပျိုး​သည့်​လယ်​မှ​အ​သီး အ​နှံ​များ​ကို​ရိတ်​သိမ်း​ရန်​သင်​တို့​အား​ငါ စေ​လွှတ်​၏။ အ​ခြား​သော​သူ​တို့​က​စိုက်​ပျိုး လုပ်​ဆောင်​ကြ​၍ သင်​တို့​က​အ​ကျိုး​ကို​ခံ​စား ကြ​ရ​၏'' ဟု​မိန့်​တော်​မူ​၏။ 39ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``ဤ​သူ​သည်​ကျွန်​မ ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ​ကို​ပြော ပြ​ပါ​၏။'' ဟု​ဆို​သ​ဖြင့်​ထို​မြို့​ရှိ​ရှ​မာ​ရိ အ​မျိုး​သား​အ​မြောက်​အမြား​ပင်​သ​ခင်​ယေ​ရှု အား​ယုံ​ကြည်​လာ​ကြ​၏။- 40သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော် သို့​ရောက်​ကြ​သော​အ​ခါ မိ​မိ​တို့​ထံ​တွင် တည်း​ခို​တော်​မူ​ပါ​ဟု​လျှောက်​ထား​တောင်း​ပန် ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​တွင်​နှစ် ရက်​မျှ​နေ​တော်​မူ​၏။ 41ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ကြ​ရ သ​ဖြင့် ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ​သူ အ​မြောက်​အ​မြား​လည်း​ရှိ​၏။- 42ထို​သူ​တို့​က​ရှ​မာ​ရိ​အ​မျိုး​သ​မီး​အား ``ယ​ခု ငါ​တို့​သည်​ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ သည်​မှာ သင့်​စ​ကား​ကြောင့်​မ​ဟုတ်။ ကိုယ်​တော် ၏​တ​ရား​တော်​ကို​ငါ​တို့​ကိုယ်​တိုင်​ကြား​နာ ကြ​ရ​သော​ကြောင့်​ဖြစ်​၏။ ဤ​အ​ရှင်​ကား လော​က​၏​ကယ်​တင်​ရှင်​အ​စစ်​အ​မှန်​ပင် ဖြစ်​တော်​မူ​ကြောင်း​ကို​ငါ​တို့​သိ​ကြ​ပြီ'' ဟု​ဆို​ကြ​၏။

5
24 ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။-
book-open-2 READ

သား​တော်​၏​အ​ခွင့်​အာ​ဏာ

19ထို့​ကြောင့်​သ​ခင်​ယေ​ရှု​က ယု​ဒ​အာ​ဏာ​ပိုင် တို့​အား ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို သည်​ကား​သား​တော်​သည် မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ပြု တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ရ သည့်​အ​တိုင်း​သာ​လျှင်​ပြု​၏။ ခ​မည်း​တော်​ပြု တော်​မူ​သော​အ​ရာ​တို့​ကို​သား​တော်​သည်​ပြု တော်​မူ​၏။- 20ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် မိ​မိ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​များ ကို​သား​တော်​အား​ပြ​သ​တော်​မူ​၏။ ဤ​အ​မှု အ​ရာ​များ​ထက်​ပင်​ကြီး​စွာ​သော​အ​မှု​အ​ရာ များ​ကို​ပြု​ရန် ခ​မည်း​တော်​သည်​သား​တော်​အား ပြ​သ​ပေး​မည်​ဖြစ်​၍​သင်​တို့​သည်​အံ့​သြ ကြ​လိမ့်​မည်။- 21ခမည်း​တော်​သည်​သူ​သေ​များ​ကို​အ​သက်​ပြန် ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သူ​များ​ကို​အ​သက်​ရှင်​စေ တော်​မူ​၏။- 22ခ​မည်း​တော်​သည်​အ​ဘယ်​သူ​ကို​မျှ​တ​ရား စီ​ရင်​တော်​မ​မူ။- 23သား​တော်​အား​တ​ရား​စီ​ရင်​ပိုင်​ခွင့်​ရှိ​သ​မျှ ကို​ပေး​အပ်​ထား​တော်​မူ​၏။ သို့​ဖြစ်​၍​လူ​တို့ သည်​ခ​မည်း​တော်​အား​ရို​သေ​ကြ​သည်​နည်း တူ သား​တော်​အား​ရို​သေ​ရ​ကြ​မည်။ သား​တော် အား​မ​ရို​သေ​သော​သူ​သည်​သား​တော်​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​အား​မ​ရို​သေ သူ​ဖြစ်​၏။ 24``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​၏​စ​ကား​ကို​ကြား​နာ​၍ ငါ့​ကို​စေ​လွှတ် တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ သူ​သည်​တ​ရား စီ​ရင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း မှ​အ​သက်​ရှင်​ခြင်း​သို့​ကူး​မြောက်​သော​သူ ဖြစ်​၏။- 25အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။- 26ခ​မည်း​တော်​မှာ​အ​သက်​ပေး​ပိုင်​သော​တန်​ခိုး ရှိ​တော်​မူ​သည်​နည်း​တူ သား​တော်​တွင်​လည်း​ရှိ စေ​ရန်​ထို​တန်​ခိုး​ကို​သား​တော်​အား​အပ်​နှင်း ထား​တော်​မူ​၏။- 27သား​တော်​သည်​လူ​သား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ တ​ရား​စီ​ရင်​ပိုင်​သော​တန်​ခိုး​အပ်​နှင်း ခြင်း​ကို​ခံ​ရ​၏။- 28ဤ​အ​ခြင်း​အ​ရာ​ကို​သင်​တို့​မ​အံ့​သြ​ကြ​နှင့်။ သင်္ချိုင်း​မှ​သူ​သေ​တို့​သည်​သား​တော်​၏​အ​သံ တော်​ကို​ကြား​၍​ထွက်​လာ​ကြ​မည့်​အ​ချိန်​ကျ ရောက်​လိမ့်​မည်။- 29အ​ကျင့်​ကောင်း​ကို​ပြု​ခဲ့​သူ​တို့​သည်​ထ​မြောက် ၍​အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။ အ​ကျင့်​ဆိုး​ကို ပြု​ခဲ့​သူ​တို့​မူ​ကား ထ​မြောက်​၍​အ​ပြစ်​စီ​ရင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ သ​ခင်​ယေ​ရှု​အ​ကြောင်း သက်​သေ​ခံ​သူ​များ 30``ငါ​သည်​မိ​မိ​အ​လို​အ​လျောက်​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​နိုင်။ ခ​မည်း​တော်​ဖော်​ပြ​သည့်​အ​တိုင်း သာ​လျှင်​စီ​ရင်​ဆုံး​ဖြတ်​၏။ ငါ​သည်​ကိုယ့်​အ​လို သို့​မ​လိုက်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​တော်​သို့​လိုက်​သည်​ဖြစ်​၍ ငါ​၏​စီ​ရင်​ဆုံး ဖြတ်​ချက်​သည်​မှန်​ကန်​၏။

6
35 `ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။-
book-open-2 READ

အ​သက်​အာ​ဟာ​ရ​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု

25အိုင်​တစ်​ဖက်​ကမ်း​တွင်​ကိုယ်​တော်​ကို​တွေ့​ကြ​သော အ​ခါ​လူ​ပ​ရိ​သတ်​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​သည် ဤ​အ​ရပ်​သို့​အ​ဘယ်​အ​ခါ​က​ကြွ​လာ​တော်​မူ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ 26သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား သင်​တို့​ငါ့​ကို​ရှာ​ကြ​ခြင်း​မှာ​ငါ​ပြ သည့်​နိ​မိတ်​လက္ခ​ဏာ​များ​၏ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို နား​လည်​ကြ​ရ​၍​မ​ဟုတ်။ အ​စား​အ​စာ​ကို​ဝ အောင်​စား​ကြ​ရ​၍​ဖြစ်​၏။- 27ပုပ်​ပျက်​တတ်​သော​အ​စာ​အာ​ဟာ​ရ​အ​တွက် မ​ကြိုး​ပမ်း​ကြ​နှင့်။ ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ စေ​သော​မ​ပုပ်​ပျက်​နိုင်​သော​အ​စာ​အာ​ဟာ​ရ အ​တွက်​ကြိုး​ပမ်း​ကြ​လော့။ ဘု​ရား​သ​ခင်​သည် လူ​သား​အား​တန်​ခိုး​အာ​ဏာ​ကို​အပ်​နှင်း​တော် မူ​သည်​ဖြစ်​၍ လူ​သား​သည်​ထို​အ​စာ​အာ​ဟာ​ရ ကို​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ 28လူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သည့်​အ​ရာ​ကို​ဆောင်​ရွက်​နိုင် ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။ 29သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ သည့်​အ​ရာ​ကား ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော သူ​ကို​သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန်​ပင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ 30ထို​သူ​တို့​က ``အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​ယုံ​ကြည်​နိုင် ကြ​စေ​ရန် အ​ဘယ်​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​ကို ပြ​တော်​မူ​ပါ​မည်​နည်း။ အ​ရှင်​အ​ဘယ်​အ​မှု​ကို လုပ်​ဆောင်​တော်​မူ​မည်​နည်း။- 31ကျမ်း​စာ​တော်​တွင် `ကိုယ်​တော်​သည်​ထို​သူ​တို့​စား ရန်​ကောင်း​ကင်​မှ​မုန့်​ကို​ချ​ပေး​တော်​မူ​၏' ဟု ပါ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး များ​သည်​တော​ကန္တာ​ရ​တွင်​မန္န​မုန့်​ကို​စား​ကြ ရ​ပါ​၏'' ဟု​လျှောက်​ကြ​၏။ 32သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား မော​ရှေ​သည်​သင်​တို့​အား ကောင်း​ကင်​မှ​အ​စာ​အာ​ဟာ​ရ​ကို​ပေး​သည် မ​ဟုတ်။ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အား ကောင်း​ကင်​မှ အ​စာ​အာ​ဟာ​ရ​အ​စစ်​အ​မှန် ကို​ပေး​တော်​မူ​၏။- 33ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ 34ထို​အ​ခါ​သူ​တို့​က ``အ​ရှင်၊ ထို​အ​စာ​အာ​ဟာ​ရ ကို အ​ကျွန်ုပ်​တို့​အား​အ​စဉ်​မ​ပြတ်​ပေး​သ​နား တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။ 35သ​ခင်​ယေ​ရှု​က ``ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ ရ​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည်​အ​ဘယ်​အ​ခါ ၌​မျှ​ဆာ​ငတ်​လိမ့်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော သူ​သည်​လည်း အ​ဘယ်​အ​ခါ​မျှ​ရေ​ငတ်​လိမ့်​မည် မ​ဟုတ်။- 36သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ကို​တွေ့​မြင်​ကြ သော်​လည်း​မ​ယုံ​ကြည်​ကြ​ဟု​ငါ​ဆို​ခဲ့​ပြီ။- 37ခ​မည်း တော်​ငါ့​အား​ပေး​အပ်​တော်​မူ​သော​သူ အ​ပေါင်း​တို့​သည် ငါ့​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့ ထံ​လာ​သော​သူ​ကို​ငါ​သည်​ပစ်​ပယ်​လိမ့်​မည် မ​ဟုတ်။- 38အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ငါ့​အ​လို​အ​တိုင်း ဆောင်​ရွက်​ရန် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​အ​တိုင်း​ဆောင်​ရွက်​ရန် ဆင်း​သက်​လာ​သော ကြောင့်​တည်း။- 39ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို တော်​ကား ကိုယ်​တော်​ရှင်​ပေး​အပ်​ထား​တော်​မူ သော​သူ​အ​ပေါင်း​တို့​သည် ဆုံး​ပါး​ပျက်​စီး ခြင်း​မှ​နောက်​ဆုံး​သော​နေ့​၌ ရှင်​ပြန်​ထ​မြောက် ကြ​စေ​ရန်​ပင်​ဖြစ်​သည်။- 40သား​တော်​ကို​ဖူး​မြင်​၍​ယုံ​ကြည်​လာ​သူ အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ကြ စေ​ရန်​ခ​မည်း​တော်​အ​လို​တော်​ရှိ​၏။ ငါ​သည် လည်း​သူ​တို့​အား နောက်​ဆုံး​သော​နေ့​၌​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။ 41ကိုယ်​တော်​က ``ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏'' ဟု​မိန့်​တော် မူ​သ​ဖြင့် လူ​တို့​သည်​ညည်း​ညူ​ကြ​၏။- 42သူ​တို့​က ``ဤ​သူ​သည်​ယော​သပ်​၏​သား​ယေ​ရှု မ​ဟုတ်​ပါ​လော။ သူ့​မိ​ဘ​များ​ကို​ငါ​တို့​သိ​သည် မ​ဟုတ်​ပါ​လော။ သို့​ပါ​လျက်​အ​ဘယ်​ကြောင့်`ငါ သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ခဲ့​သည်' ဟု​သူ ဆို​ဘိ​သ​နည်း'' ဟု​ပြော​ကြ​၏။ 43သ​ခင်​ယေ​ရှု​က ``သင်​တို့​အ​ချင်း​ချင်း​ညည်း​ညူ မ​နေ​ကြ​နှင့်။- 44ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ဆောင် တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​ငါ​သည်​နောက်​ဆုံး​သော နေ့​၌​သေ​ခြင်း​မှ​ထ​မြောက်​စေ​မည်။- 45ပ​ရော​ဖက်​ကျမ်း​များ​တွင်`ထို​သူ​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​၏။ သို့​ဖြစ်​၍​ခ​မည်း​တော် မိန့်​တော်​မူ​သော​စ​ကား​ကို​ကြား​၍ အ​ထံ​တော် မှ​နည်း​နာ​ခံ​ယူ​သူ​အ​ပေါင်း​တို့​သည်​ငါ့​ထံ သို့​လာ​ကြ​၏။- 46ဤ​သို့​ငါ​ဆို​ရာ​၌​ခ​မည်း​တော်​ကို​တွေ့​မြင် ဖူး​သူ​တစ်​စုံ​တစ်​ယောက်​ရှိ​သည်​ဟု​မ​ဆို​လို။ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြွ​လာ​သူ​တစ်​ဦး တည်း​သာ​လျှင်​ခ​မည်း​တော်​ကို​တွေ့​မြင်​ဖူး​၏။- 47အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့ ကို​ယုံ​ကြည်​သူ​သည်​ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။- 48ငါ​သည်​အ​သက်​၏​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။- 49သင်​တို့​၏​ဘိုး​ဘေး​များ​သည်​တော​ကန္တာ​ရ​တွင် မန္န မုန့်​ကို​စား​ကြ​ရ​သော်​လည်း​သေ​လွန်​ကြ​ကုန်​၏။- 50ဤ​အ​စာ​အာ​ဟာ​ရ​သည်​ကား​ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၍ ယင်း​ကို မှီ​ဝဲ​သူ​သည်​သေ​ရ​လိမ့်​မည်​မ​ဟုတ်။- 51ငါ​သည်​ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​သည့်​အ​သက် အာ​ဟာ​ရ​ဖြစ်​၏။ ထို​အ​စာ​အာ​ဟာ​ရ​ကို​မှီ​ဝဲ​သူ သည်​အ​စဉ်​ထာ​ဝ​ရ​အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး မည့်​အ​စာ​အာ​ဟာ​ရ​သည် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​ပေး​သော​ငါ​၏​အ​သား ပေ​တည်း'' ဟု​မိန့်​တော်​မူ​၏။ 52ထို​အ​ခါ ``ဤ​သူ​သည်​အ​ဘယ်​သို့​လျှင်​ငါ​တို့ စား​ရန်​အ​တွက် သူ​၏​အ​သား​ကို​ပေး​နိုင်​ပါ မည်​နည်း'' ဟု​လူ​တို့​သည်​အ​ချင်း​ချင်း​ပြင်း ထန်​စွာ​ငြင်း​ခုံ​ကြ​၏။ 53သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား လူ​သား​၏​အ​သား​ကို​မ​စား၊ သူ​၏ သွေး​ကို​မ​သောက်​ပါ​မူ​သင်​တို့​၌​အ​သက်​မ​ရှိ။- 54ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌​ထို​သူ​အား​သေ​ခြင်း​မှ ရှင်​ပြန်​ထြေမာက်​စေ​မည်။- 55ငါ့​အ​သား​သည်​စား​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။ ငါ့​သွေး​သည်​သောက်​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။- 56ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည်​ငါ​၌​ကျိန်း​ဝပ်​၏။ ငါ​သည်​လည်း​ထို​သူ ၌​ကျိန်း​ဝပ်​၏။- 57အ​သက်​ရှင်​တော်​မူ​သော​ခ​မည်း​တော်​သည်​ငါ့​ကို စေ​လွှတ်​တော်​မူ​၏။ ငါ​သည်​လည်း​ခ​မည်း​တော် ကြောင့်​အ​သက်​ရှင်​သည်​နည်း​တူ ငါ့​အ​သား ကို​စား​သော​သူ​သည်​လည်း​ငါ့​ကြောင့်​အ​သက် ရှင်​လိမ့်​မည်။- 58သို့​ဖြစ်​၍​ဤ​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​သုံး​ကြ​ရ​သည့် အ​စာ​အာ​ဟာ​ရ​မျိုး​မ​ဟုတ်။ ထို​အ​စာ​အာ ဟာ​ရ​ကို​သုံး​ဆောင်​သူ​တို့​သည်​သေ​ကြ​ရ​၏။ ဤ အ​စာ​အာ​ဟာ​ရ​ကို​စား​သူ​မူ​ကား​အ​စဉ် မ​ပြတ်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ 59သ​ခင်​ယေ​ရှု​သည်​က​ပေ​ရ​နောင်​မြို့​တ​ရား ဇ​ရပ်​တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​က ဤ သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ​သ​တည်း။

8
12 `ငါ သည်​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည်​အ​သက်​၏​အ​လင်း​ကို​ရ ၍​အ​ဘယ်​အ​ခါ​မျှ​အ​မှောင်​တွင်​သွား​လာ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
book-open-2 READ

လော​က​၏​အ​လင်း​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု

12တစ်​ဖန်​သ​ခင်​ယေ​ရှု​က​ဖာ​ရိ​ရှဲ​တို့​အား ``ငါ သည်​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည်​အ​သက်​၏​အ​လင်း​ကို​ရ ၍​အ​ဘယ်​အ​ခါ​မျှ​အ​မှောင်​တွင်​သွား​လာ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ 13ဖာ​ရိ​ရှဲ​တို့​က ``သင်​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​နေ​၏။ သို့​ဖြစ်​၍​သင့်​သက် သေ​ခံ​ချက်​သည်​မ​ခိုင်​လုံ'' ဟု​ဆို​ကြ​၏။ 14သ​ခင်​ယေ​ရှု​က ``ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း​ငါ​၏​သက်​သေ​ခံ​ချက် သည်​ခိုင်​လုံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် အ​ဘယ်​အ​ရပ်​မှ​လာ​၍​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​ငါ​သိ​သော​ကြောင့်​တည်း။ သင်​တို့ မူ​ကား​ငါ​အ​ဘယ်​အ​ရပ်​မှ​လာ​သည်​ကို လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့​သွား​မည်​ကို လည်း​ကောင်း​မ​သိ​ကြ။- 15သင်​တို့​သည်​လူ့​စံ​နှုန်း​အ​ရ​စစ်​ဆေး​စီ​ရင် တတ်​ကြ​၏။ ငါ​မူ​ကား​မည်​သူ့​ကို​မျှ​မ​စစ် ဆေး​မ​စီ​ရင်​ပြီ။- 16အ​ကယ်​၍​ငါ​စစ်​ဆေး​စီ​ရင်​မည်​ဆို​ပါ​က ငါ​တစ်​ဦး​တည်း​စစ်​ဆေး​စီ​ရင်​ခြင်း​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​သော​ကြောင့်​ငါ​၏​စီ​ရင်​ချက် သည်​မှန်​ကန်​၏။- 17သင်​တို့​၏​ပ​ညတ်​ကျမ်း​တွင် ``သက်​သေ​နှစ်​ဦး ထွက်​ဆို​လျှင်​အ​မှန်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ ရှိ​၏။- 18ငါ​သည်​ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​၏။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​က​လည်း ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​၏'' ဟု​မိန့်​တော် မူ​၏။ 19ထို​သူ​တို့​က ``သင့်​ခ​မည်း​တော်​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင် တို့​သည်​ငါ့​ကို​လည်း ကောင်း၊ ငါ့​ခ​မည်း​တော်​ကို​လည်း​ကောင်း​မ​သိ ကြ။ အ​ကယ်​၍​သင်​တို့​ငါ့​ကို​သိ​ပါ​မူ​ငါ့ ခ​မည်း​တော်​ကို​လည်း​သိ​ကြ​မည်'' ဟု​ဖြေ ကြား​တော်​မူ​၏။ 20ကိုယ်​တော်​သည်​ဤ​စ​ကား​တော်​များ​ကို​ဗိ​မာန် တော်​အ​တွင်း​အ​လှူ​ခံ​သတ္တာ​များ​ထား​ရာ​အ​ခန်း ၌ ဟော​ပြော​သွန်​သင်​စဉ်​မိန့်​တော်​မူ​သ​တည်း။ သို့ ရာ​တွင်​ကိုယ်​တော်​၏​အ​ချိန်​မ​ကျ​သေး​သ​ဖြင့် မည်​သူ​မျှ​ကိုယ်​တော်​ကို​မ​ဖမ်း​မ​ဆီး​ကြ။

9
3 3သ​ခင်​ယေ​ရှု​က ``သူ​၏​အ​ပြစ်​ကြောင့်​မ​ဟုတ်၊ မိ​ဘ​တို့​၏​အ​ပြစ်​ကြောင့်​လည်း​မ​ဟုတ်။ သူ မျက်​စိ​မ​မြင်​ရ​ခြင်း​မှာ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော် သူ​၌​ထင်​ရှား​လာ​စေ​ရန်​ပင် ဖြစ်​၏။-
book-open-2 READ

ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို မျက်​စိ​မြင်​စေ​တော်​မူ​ခြင်း

1ကိုယ်​တော်​သည်​လမ်း​လျှောက်​၍​ကြွ​တော်​မူ​စဉ် ဝမ်း​တွင်း​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို​တွေ့​ရှိ တော်​မူ​၏။- 2တ​ပည့်​တော်​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​သူ​မျက်​စိ မ​မြင်​သည်​မှာ​မိ​မိ​၏​အ​ပြစ်​ကြောင့်​လော၊ မိ​ဘ တို့​၏​အ​ပြစ်​ကြောင့်​လော'' ဟု​မေး​လျှောက်​ကြ​၏။ 3သ​ခင်​ယေ​ရှု​က ``သူ​၏​အ​ပြစ်​ကြောင့်​မ​ဟုတ်၊ မိ​ဘ​တို့​၏​အ​ပြစ်​ကြောင့်​လည်း​မ​ဟုတ်။ သူ မျက်​စိ​မ​မြင်​ရ​ခြင်း​မှာ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော် သူ​၌​ထင်​ရှား​လာ​စေ​ရန်​ပင် ဖြစ်​၏။- 4ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​မှု တော်​မြတ်​ကို​နေ့​အ​ချိန်​၌​ငါ​တို့​လုပ်​ဆောင် ကြ​ရ​မည်။ အ​ဘယ်​သူ​မျှ​မ​လုပ်​ဆောင်​နိုင် သည့်​ညဥ့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။- 5ငါ​သည်​ဤ​လော​က​မှာ​ရှိ​နေ​စဉ်​လော​က ၏​အ​လင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ 6ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် မြေ​ပေါ်​သို့​တံ​တွေး​ထွေး​၍​ရွှံ့​ပြု​လုပ်​တော် မူ​၏။ မျက်​မ​မြင်​၏​မျက်​စိ​ကို​ရွှံ့​နှင့်​လူး​၍၊- 7``သွား​လော့၊ ရှိ​လောင်​ရေ​ကန်​တွင် ဆေး​လော့'' ဟု မိန့်​တော်​မူ​၏။ (ရှိ​လောင်​၏​အ​နက်​ကား ``စေ​လွှတ် သည်'' ဟု​ဆို​လို​သ​တည်း။) ထို​သူ​သည်​သွား​၍ မျက်​စိ​ကို​ဆေး​ပြီး​နောက်​မျက်​စိ​မြင်​လျက် ပြန်​လာ​၏။ 8သူ​သည်​သူ​တောင်း​စား​ဖြစ်​သ​ဖြင့်​ယ​ခင်​က သူ့​ကို​မြင်​ဖူး​သူ​များ​နှင့်​အိမ်​နီး​ချင်း​များ က ``ဤ​သူ​သည်​ထိုင်​၍​ကြေး​ငွေ​တောင်း​ခံ​လေ့ ရှိ​သူ​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။ 9လူ​အ​ချို့​တို့​က ``ဟုတ်​ပါ​သည်'' ဟူ​၍​လည်း​ကောင်း၊ အ​ချို့​က ``ထို​သူ​မ​ဟုတ်၊ ထို​လူ​နှင့်​တူ​သူ​ဖြစ်​၏'' ဟူ​၍​လည်း​ကောင်း​ဆို​ကြ​၏။ သူ​ကိုယ်​တိုင်​က​မူ ``အ​ကျွန်ုပ်​သည်​ထို​သူ​ပင်​တည်း'' ဟု​ဆို​၏။ 10လူ​တို့​က ``သင်​အ​ဘယ်​သို့​မျက်​စိ​မြင်​လာ သ​နည်း'' ဟု​မေး​ကြ​၏။ 11ထို​သူ​က ``ယေ​ရှု​ဆို​သူ​သည်​ရွှံ့​အ​နည်း​ငယ်​လုပ် ၍​အ​ကျွန်ုပ်​၏​မျက်​စိ​ကို​လူး​ပြီး​လျှင် အ​ကျွန်ုပ် အား​ရှိ​လောင်​ရေ​ကန်​သို့​သွား​၍​မျက်​စိ​ကို​ဆေး ခိုင်း​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​သွား​၍​ဆေး လိုက်​ရာ မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ပြန်​ပြော​၏။ 12လူ​တို့​က ``ထို​သူ​သည်​အ​ဘယ်​မှာ​နည်း'' ဟု မေး​လျှင်၊ သူ​တောင်း​စား​က ``အ​ကျွန်ုပ်​မ​သိ​ပါ'' ဟု​ဆို​၏။

10
11 ``ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ သိုး​ထိန်း​ကောင်း သည်​သိုး​များ​အ​တွက် အ​သက်​ကို​စွန့်​တတ်​၏။-
book-open-2 READ

သိုး​ထိန်း​ကောင်း​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု

7ထို့​ကြောင့်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန် သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​သည်​သိုး​တို့​ဝင် သော​တံ​ခါး​ပေါက်​ဖြစ်​၏။- 8ငါ့​ရှေ့​တွင်​ရောက်​ရှိ​လာ​သူ​အား​လုံး​သည်​သူ​ခိုး ဋ္ဌား​ပြ​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​သိုး​တို့​သည် ထို​သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။- 9ငါ​သည်​တံ​ခါး​ပေါက်​ဖြစ်​၏။ ထို​တံ​ခါး​ပေါက် ဖြင့်​ဝင်​သူ​သည် ဘေး​နှင့်​ကင်း​လွတ်​၍​ဝင်​ထွက် သွား​လာ​လျက်​ကျက်​စား​ရာ​ကို​တွေ့​ရ​လိမ့်​မည်။- 10သူ​ခိုး​သည်​ခိုး​ယူ​သတ်​ဖြတ်​ဖျက်​ဆီး​ရန်​သာ လာ​၏။ ငါ​မူ​ကား​သင်​တို့​အ​သက်​ရှင်​ကြ​စေ​ရုံ မျှ​သာ​မ​က ကြွယ်​ဝ​ပြည့်​စုံ​သော​အ​သက်​ကို ရှင်​နိုင်​ကြ​စေ​ရန်​လာ​သ​တည်း။ 11``ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ သိုး​ထိန်း​ကောင်း သည်​သိုး​များ​အ​တွက် အ​သက်​ကို​စွန့်​တတ်​၏။- 12သူ​ငှား​သည်​သိုး​ထိန်း​မ​ဟုတ်။ သိုး​ရှင်​လည်း​မ​ဟုတ် သ​ဖြင့် ဝံ​ပု​လွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို စွန့်​၍​ထွက်​ပြေး​တတ်​၏။ သို့​ဖြစ်​၍​ဝံ​ပု​လွေ​သည် သိုး​တို့​ကို​ကိုက်​ဖမ်း​၍​က​စဥ့်​က​ရဲ​ဖြစ်​စေ တတ်​၏။- 13သူ​ငှား​သည်​သူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့ ကို​ဂ​ရု​မ​စိုက်​ဘဲ​ထွက်​ပြေး​တတ်​၏။- 14-15ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည်​လည်း​ခ​မည်း​တော် ကို​သိ​သ​ကဲ့​သို့ ငါ​သည်​သိုး​တို့​ကို​သိ​၍​သိုး တို့​သည်​လည်း​ငါ့​ကို​သိ​ကြ​၏။ ငါ​သည်​သိုး​များ အ​တွက်​အ​သက်​ကို​စွန့်​၏။- 16ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။ 17``ငါ​သည်​အ​သက်​ကို တစ်​ဖန်​ပြန်​လည်​ရ​ရှိ​စေ ရန် ကိုယ့်​အ​သက်​ကို​စွန့်​သော​ကြောင့်​ခ​မည်း​တော် သည်​ငါ့​ကို​ချစ်​တော်​မူ​၏။- 18အ​ဘယ်​သူ​မျှ​ငါ့​အသက်​ကို​စွန့်​စေ​သည်​မ​ဟုတ်။ ငါ့​အ​လို​အ​လျောက်​စွန့်​ခြင်း​ဖြစ်​၏။ ငါ့​မှာ အ​သက်​ကို​စွန့်​ပိုင်​ခွင့်၊ ပြန်​ယူ​ပိုင်​ခွင့်​ရှိ​၏။ ဤ သို့​ပြု​ရန်​ခ​မည်း​တော်​က​ငါ့​အား​စေ​ခိုင်း တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။ 19ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​လူ​တို့​သည် စိတ် သ​ဘော​ကွဲ​လွဲ​သွား​ကြ​ပြန်​၏။- 20လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​နတ်​မိစ္ဆာ​စွဲ​ကပ် သော​သူ​ရူး​ဖြစ်​၏။ အ​ဘယ်​ကြောင့်​သူ့​စ​ကား ကို​သင်​တို့​နား​ထောင်​ကြ​သ​နည်း'' ဟု​ဆို​ကြ ၏။ 21သို့​ရာ​တွင်​အ​ခြား​သူ​တို့​က ``နတ်​မိစ္ဆာ​စွဲ​ကပ်​သူ သည် ဤ​သို့​သော​စ​ကား​ကို​မ​ပြော​မ​ဆို​နိုင်​ရာ။ နတ်​မိစ္ဆာ​စွဲ​ကပ်​သူ​သည်​အ​ဘယ်​သို့​လျှင် မျက်​မ မြင်​များ​ကို​မျက်​စိ​မြင်​စေ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။

12
24 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဂျုံ​စေ့​သည်​မြေ​သို့​မ​ကျ၊ မ​ကျေ​မ​ပျက်​ဘဲ ရှိ​ပါ​မူ​အ​စေ့​တစ်​စေ့​ထက်​ပို​မို​ပွား​များ လာ​လိမ့်​မည်​မ​ဟုတ်။ ကျေ​ပျက်​၍​သွား​လျှင် မူ​ကား​များ​စွာ​သော​သီး​နှံ​တို့​ကို​ဖြစ်​ထွန်း စေ​တတ်​၏။-
book-open-2 READ

ဂ​ရိ​အ​မျိုး​သား​တို့ ကိုယ်​တော်​ကို​ရှာ​ကြ​ခြင်း

20ပွဲ​တော်​အ​တွင်း​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ကြ​သော​လူ​တို့​အ​ထဲ​တွင် ဂ​ရိ​အ​မျိုး​သား​အ​ချို့​ပါ​၏။- 21သူ​တို့​သည် (ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ် သူ) ဖိ​လိပ္ပု​ထံ​သို့​သွား​ကြ​၍ ``ဆ​ရာ၊ အ​ကျွန်ုပ် တို့​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လို​ပါ​သည်'' ဟု ပြော​ကြား​ကြ​၏။ 22ဖိ​လိပ္ပု​သည်​အန္ဒြေ​ထံ​သို့​သွား​၍​ထို​အ​ကြောင်း​ကို ပြော​ပြ​၏။ ထို​နောက်​ထို​သူ​နှစ်​ဦး​တို့​သည်​သ​ခင် ယေ​ရှု​ထံ​တော်​သို့​သွား​၍​ထို​အ​ကြောင်း​ကို​လျှောက် ထား​ကြ​၏။- 23သ​ခင်​ယေ​ရှု​က ``လူ​သား​ဘုန်း​အ​သ​ရေ​ပွင့် မည့်​အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။- 24အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဂျုံ​စေ့​သည်​မြေ​သို့​မ​ကျ၊ မ​ကျေ​မ​ပျက်​ဘဲ ရှိ​ပါ​မူ​အ​စေ့​တစ်​စေ့​ထက်​ပို​မို​ပွား​များ လာ​လိမ့်​မည်​မ​ဟုတ်။ ကျေ​ပျက်​၍​သွား​လျှင် မူ​ကား​များ​စွာ​သော​သီး​နှံ​တို့​ကို​ဖြစ်​ထွန်း စေ​တတ်​၏။- 25မိ​မိ​အ​သက်​ကို​ချစ်​သော​သူ​သည်​အ​သက် ဆုံး​ရှုံး​လိမ့်​မည်။ ဤ​လော​က​တွင်​မိ​မိ​အ​သက် ကို​မုန်း​သော​သူ​သည် မိ​မိ​အ​သက်​ကို​အ​စဉ် ထာ​ဝ​ရ​စောင့်​ရှောက်​ထိန်း​သိမ်း​လိမ့်​မည်။- 26ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သော​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ သို့​မှ​သာ​ငါ​ရှိ​ရာ အ​ရပ်​၌​သူ​သည်​လည်း​ရှိ​လိမ့်​မည်။ ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​သော​သူ​ကို​ခ​မည်း​တော် သည်​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။

13
34 လူ​တို့​က ``မေ​ရှိ​ယ​သည်​ထာ​ဝ​စဉ်​အ​သက်​ရှင် တော်​မူ​၏​ဟု​ပ​ညတ်​ကျမ်း​က​ဆို​ပါ​သည်။ သို့ ဖြစ်​၍`လူ​သား​သည်​မြေ​မှ​မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်' ဟု​အ​ဘယ်​ကြောင့်​သင်​ဆို​ပါ​သ​နည်း။ လူ​သား​ကား​အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​ကြ ၏။
book-open-2 READ

အ​သေ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း ဖော်​ပြ​တော်​မူ​ခြင်း

31ယု​ဒ​ထွက်​သွား​ပြီး​နောက်​သ​ခင်​ယေ​ရှု​က ``ယ​ခု လူ​သား​သည်​ဘုန်း​အ​သ​ရေ​ထွန်း​တော်​မူ​လေ ပြီ၊ ဘု​ရား​သ​ခင်​သည်​လည်း​လူ​သား​အား​ဖြင့် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပြီ။- 32ဘု​ရား​သ​ခင်​သည်​လူ​သား​အား​ဖြင့်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​လျှင် ဘု​ရား သ​ခင်​ကိုယ်​တော်​တိုင်​အား​ဖြင့် လူ​သား​အား ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့် မည်။- 33ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ခ​ဏ​မျှ သာ​နေ​ရ​ပေ​တော့​အံ့။ သင်​တို့​သည်​ငါ့​ကို​ရှာ ကြ​လိမ့်​မည်။ `ငါ​သွား​ရာ​သို့​သင်​တို့​မ​လိုက် နိုင်​ကြ' ဟု​ယု​ဒ​အာ​ဏာ​ပိုင်​တို့​အား​ပြော​ခဲ့ သည်​အ​တိုင်း​သင်​တို့​အား​လည်း​ယ​ခု​ငါ ပြော​၏။- 34အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​သစ် ကို​သင်​တို့​အား​ငါ​ပေး​၏။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ​သင်​တို့​သည်​လည်း​အ​ချင်း ချင်း​ချစ်​ကြ​ရ​မည်။- 35သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လျှင်​လူ​အ​ပေါင်း တို့​သည် ထို​မေတ္တာ​ကို​ထောက်​၍​သင်​တို့​သည်​ငါ ၏​တ​ပည့်​များ​ဖြစ်​ကြောင်း​ကို​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

14
6 `ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။-
27 `ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။-
book-open-2 READ

သ​ခင်​ယေ​ရှု​သည်​ခ​မည်း​တော်​ထံ​သို့ ပို့​ဆောင်​ရာ​ခ​ရီး​လမ်း​ဖြစ်​ခြင်း

1သ​ခင်​ယေ​ရှု​က ``သင်​တို့​စိတ်​မ​ပူ​ပန်​ကြ နှင့်။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကြ​လော့။ ငါ့ ကို​လည်း​ယုံ​ကြည်​လော့။- 2ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​တွင်​အ​ခန်း​များ​စွာ ရှိ​၏။ သို့​မ​ရှိ​ပါ​မူ​ငါ​သည်​သင်​တို့​အ​တွက် နေ​ရာ​ကို​သွား​၍​ပြင်​ဆင်​မည်​ဟု​ပြော​ဆို ပါ​မည်​လော။- 3ယင်း​သို့​သွား​၍​ပြင်​ဆင်​ပြီး​မှ​သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​၍ ငါ​ရှိ​ရာ​အ​ရပ်​တွင်​သင်​တို့​ရှိ နိုင်​ကြ​စေ​ရန် သင်​တို့​ကို​ငါ့​ထံ​သို့​ခေါ်​ဆောင် မည်။- 4ငါ​သွား​ရာ​အ​ရပ်​သို့​ရောက်​စေ​မည့်​ခ​ရီး လမ်း​ကို​သင်​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ 5သော​မ​က ``သ​ခင်၊ အ​ရှင်​အ​ဘယ်​အ​ရပ်​သို့ သွား​မည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ။ အ​ဘယ် သို့​လျှင်​ခ​ရီး​လမ်း​ကို​အ​ကျွန်ုပ်​တို့​သိ​နိုင် ကြ​ပါ​မည်​နည်း'' ဟု​လျှောက်​၏။ 6သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။- 7ယ​ခု​သင်​တို့​သည်​ငါ့​ကို​သိ​ကြ​ပြီ​ဖြစ်​၍ ငါ့​ခ​မည်း​တော်​ကို​လည်း​သိ​ကြ​လိမ့်​မည်။ ယ​ခု မှ​စ​၍​ခ​မည်း​တော်​ကို​သင်​တို့​သိ​ကျွမ်း​၍​ဖူး မြင်​ရ​ကြ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ 8ဖိ​လိပ္ပု​က ``အ​ရှင်​ဘု​ရား၊ ခ​မည်း​တော်​ကို အ​ကျွန်ုပ်​တို့​အား​ပြ​တော်​မူ​ပါ။ သို့​ပြ​တော် မူ​လျှင်​အ​ကျွန်ုပ်​တို့​အ​လို​ပြည့်​ပါ​ပြီ'' ဟု လျှောက်​၏။ 9သ​ခင်​ယေ​ရှု​က ``ဖိ​လိပ္ပု၊ ငါ​သည်​သင်​တို့​နှင့် အ​တူ​ဤ​မျှ​ကြာ​အောင်​နေ​ခဲ့​ပြီး​ဖြစ်​ပါ လျက်​ငါ့​ကို​သင်​မ​သိ​ပါ​သ​လော။ ငါ့​ကို တွေ့​မြင်​ရ​သူ​သည်​ခ​မည်း​တော်​ကို​ဖူး​မြင် ရ​၏။ ခ​မည်း​တော်​အား​အ​ကျွန်ုပ်​တို့​ကို​ပြ တော်​မူ​ပါ​ဟု​အ​ဘယ်​ကြောင့်​ဆို သ​နည်း။- 10ငါ​သည်​ခ​မည်း​တော်​၌​တည်​ရှိ​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​ရှိ​နေ​တော်​မူ​သည် ကို​သင်​မ​ယုံ​သ​လော။ သင်​တို့​အား​ငါ​ပြော သော​စ​ကား​သည်​ငါ့​ကိုယ်​ပိုင်​စ​ကား​မ​ဟုတ်။ ငါ​ပြု​သော​အ​မှု​တို့​သည်​ခ​မည်း​တော်​ပြု တော်​မူ​သော​အ​မှု​များ​ပင်​ဖြစ်​၏။- 11ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​၍​ခ​မည်း တော်​သည်​လည်း ငါ​၌​တည်​နေ​တော်​မူ​သည် ဟု​ငါ​ပြော​သည်​ကို​ယုံ​ကြ​လော့။ မ​ယုံ​လျှင် ငါ​ပြု​သော​အ​မှု​များ​ကို​ထောက်​၍​ယုံ​ကြ လော့။- 12အ မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ့​ကို​ယုံ​ကြည်​သူ​သည်​ငါ​ပြု​သော​အ​မှု တို့​ကို​ပြု​လိမ့်​မည်။ ထို​ထက်​ကြီး​မြတ်​သည့် အ​မှု​များ​ကို​ပင်​ပြု​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​သည်​ခ​မည်း​တော်​ထံ​တော်​သို့ သွား​မည်​ဖြစ်​သော​ကြောင့်​တည်း။- 13သား​တော်​အား​ဖြင့်​ခ​မည်း​တော်​ဘုန်း​အ​သ​ရေ ထွန်း​တောက်​စေ​အံ့​သော​ငှာ​ငါ့​နာ​မ​ကို​အ​မှီ ပြု​၍ သင်​တို့​တောင်း​လျှောက်​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။- 14ငါ့​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​မည်​သည့် ဆု​ကို​မ​ဆို​ငါ့​ကို တောင်း​လျှင် တောင်း​သည့် အ​တိုင်း​ငါ​ပြု​မည်။

ဝိ​ညာဉ်​တော်​၏​က​တိ​တော်

15``သင်​တို့​သည်​ငါ့​ကို​ချစ်​လျှင်​ငါ့​ပ​ညတ် တို့​ကို​စောင့်​ထိန်း​လိမ့်​မည်။- 16ငါ​သည်​ခ​မည်း​တော်​အား​တောင်း​လျှောက် သ​ဖြင့်​သင်​တို့​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ရှိ​၍ သင်​တို့​အား​မ​စ​တော်​မူ​သော​အ​ခြား အ​ရှင်​တစ်​ပါး​ကို​ပေး​တော်​မူ​လိမ့်​မည်။- 17ထို​အ​ရှင်​သည်​ဘု​ရား​သ​ခင်​အ​ကြောင်း​ဆိုင် ရာ​သမ္မာ​တ​ရား​ကို​ဖော်​ပြ​သော​ဝိ​ညာဉ်​တော် ဖြစ်​၏။ လော​က​သား​တို့​သည်​ထို​ဝိ​ညာဉ်​တော် ကို​မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သ​ဖြင့် မ​ခံ​မ​ယူ​နိုင်။ ထို​ဝိ​ညာဉ်​တော်​သည်​သင်​တို့ နှင့်​အ​တူ​တည်​နေ​တော်​မူ​၍ သင်​တို့​စိတ်​နှ​လုံး တွင်​ကျိန်း​ဝပ်​တော်​မူ​သ​ဖြင့်​ထို​အ​ရှင်​ကို သင်​တို့​သိ​ကြ​၏။ 18``ငါ​သည်​သင်​တို့​အား​ခို​ကိုး​ရာ​မဲ့​ဖြစ်​စေ မည်​မ​ဟုတ်။ သင်​တို့​ထံ​သို့​ငါ​လာ​ဦး​မည်။- 19ကာ​လ​အ​နည်း​ငယ်​ကြာ​လျှင်​ဤ​လော​က သား​တို့​သည် ငါ့​ကို​မြင်​ကြ​ရ​တော့​မည်​မ​ဟုတ် သော်​လည်း သင်​တို့​မူ​ကား​မြင်​ကြ​ရ​လိမ့်​မည်။ ငါ သည်​အ​သက်​ရှင်​သော​ကြောင့်​သင်​တို့​သည်​လည်း အ​သက်​ရှင်​ကြ​လိမ့်​မည်။- 20ငါ​သည်​ခ​မည်း​တော်​၌​တည်​နေ​သည်​ကို​လည်း ကောင်း၊ သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သင်​တို့​၌​တည်​နေ​သည်​ကို​လည်း​ကောင်း ထို​နေ့​ရက်​၌​သင်​တို့​သိ​ကြ​လိမ့်​မည်။'' 21``ငါ့​ပ​ညတ်​များ​ကို​ခံ​ယူ​၍​စောင့်​ထိန်း​သော သူ​သည်​ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ် သော​သူ​ကို ခ​မည်း​တော်​သည်​ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း​သူ့​ကို​ချစ်​၍ မိ​မိ​ကိုယ်​ကို​သူ့ အား​ပေါ်​လွင်​ထင်​ရှား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ 22(ရှ​ကာ​ရုတ်​မ​ဟုတ်​သူ) အ​ခြား​ယု​ဒ​က``သ​ခင်၊ လော​က​သား​တို့​အား​မိ​မိ​ကိုယ်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မ​မူ​ဘဲ အ​ကျွန်ုပ်​တို့​အား အ​ဘယ်​သို့​ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​မည် နည်း'' ဟု​မေး​လျှောက်​၏။ 23သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​သွန်​သင်​ချက်​ကို​ခံ​ယူ​လိမ့်​မည်။ သို့​ဖြစ်​၍ ငါ့​ခ​မည်း​တော်​သည်​ထို​သူ​ကို​ချစ်​တော်​မူ လိမ့်​မည်။ ငါ့​ခမည်း​တော်​နှင့်​ငါ​သည်​လည်း​သူ့ ထံ​သို့​လာ​၍​သူ​နှင့်​အ​တူ​ကျိန်း​ဝပ်​မည်။- 24ငါ့​ကို​မ​ချစ်​သော​သူ​သည်​ငါ့​သွန်​သင်​ချက် ကို​မ​ခံ​မ​ယူ​တတ်။ သင်​တို့​ကြား​ရ​သော​သွန် သင်​ချက်​သည်​ငါ့​သွန်​သင်​ချက်​မ​ဟုတ်။ ငါ့ ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​၏​သွန် သင်​ချက်​ဖြစ်​၏။ 25``သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​ဤ​အ​ရာ များ​ကို​ငါ​ဖော်​ပြ​ပြီ။- 26သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ့​နာ​မ​ကြောင့် စေ​လွှတ်​တော်​မူ​မည့်​မ​စ​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သွန်​သင် ပေး​တော်​မူ​၍ ငါ​ပြော​ခဲ့​သ​မျှ​သော​အ​ရာ​တို့ ကို​သင်​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​တော် မူ​လိမ့်​မည်။ 27``ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို​သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။ မ​ကြောက်​ကြ​နှင့်။- 28`ငါ​ယ​ခု​သွား​သော်​လည်း​သင်​တို့​ထံ​ကို ပြန်​လာ​ဦး​မည်' ဟု​ပြော​သည်​ကို​သင်​တို့ ကြား​ခဲ့​ကြ​ပြီ။ ခ​မည်း​တော်​သည်​ငါ့​ထက် ကြီး​မြတ်​တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​ငါ့ ကို​ချစ်​လျှင်​ခ​မည်း​တော်​ထံ​သို့​ငါ​သွား သည်​ကို​ဝမ်း​မြောက်​ကြ​လိမ့်​မည်။- 29ထို​အ​မှု​အ​ရာ​ဖြစ်​ပျက်​သော​အ​ခါ​၌​သင် တို့​ယုံ​ကြည်​ကြ​စေ​ရန် ယ​ခု​က​ပင်​ကြို​တင် ၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။- 30လော​က​ကို​အ​စိုး​ရ​သူ​သည်​ရောက်​ရှိ​လာ တော့​မည်။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​စ​ကား ကြာ​ကြာ​ပြော​နိုင်​တော့​မည်​မ​ဟုတ်။ သူ​သည် ငါ့​ကို​မည်​သို့​မျှ​မ​ပြု​နိုင်။- 31သို့​ရာ​တွင်​ငါ​သည်​ခ​မည်း​တော်​ကို​ချစ်​ကြောင်း ကမ္ဘာ​က​သိ​ရန်​လို​ပေ​သည်။ သို့​ဖြစ်​၍​ငါ​သည် ခ​မည်း​တော်​ငါ့​အား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ငါ​လိုက်​နာ​ဆောင်​ရွက်​၏။ ထ​၍​ဤ​နေ​ရာ​မှ​သွား​ကြ​ကုန်​အံ့'' ဟု မိန့်​တော်​မူ​၏။

15
5 ``ငါ​သည်​စ​ပျစ်​ပင်​ဖြစ်​၏။ သင်​တို့​ကား​အ​ကိုင်း အ​ခက်​များ​ဖြစ်​ကြ​၏။ ငါ​နှင့်​ကင်း​လျှင်​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တတ်​နိုင်​ကြ​သော ကြောင့် မည်​သူ​မ​ဆို​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သူ​၌​တည်​နေ​လျှင်​များ​စွာ​သော​အ​သီး ကို​သီး​လိမ့်​မည်။-
13 မိ​မိ​၏​မိတ်​ဆွေ​အ​တွက်​အ​သက်​ကို​စွန့်​သော မေတ္တာ​ထက်​ကြီး​မြတ်​သည့်​မေတ္တာ​မ​ရှိ​တော့ ပြီ။-
book-open-2 READ

စ​ပျစ်​ပင်​အ​စစ်​ဖြစ်​တော်​မူ​သော သ​ခင်​ယေ​ရှု

1သ​ခင်​ယေ​ရှု​က ``ငါ​သည်​စ​ပျစ်​ပင်​အ​စစ် ဖြစ်​၍​ငါ့​အ​ဖ​သည်​ဥ​ယျာဉ်​မှူး​ဖြစ်​တော် မူ​၏။- 2ကိုယ်​တော်​ရှင်​သည်​ငါ​၌​အ​သီး​မ​သီး​သော အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​ခုတ်​ပစ်​တော်​မူ ၏။ အ​သီး​သီး​သည့်​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ ကို​လည်း​ပို​၍​သီး​စေ​ရန်​သုတ်​သင်​ရှင်း​လင်း တော်​မူ​၏။- 3ထို​နည်း​တူ​စွာ​ငါ​ဟော​ပြော​သော​တ​ရား အား​ဖြင့် ယ​ခု​သင်​တို့​ရှင်း​လင်း​လျက်​ရှိ​ကြ​၏။- 4ငါ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​နှင့်​တစ်​လုံး​တစ်​ဝ​တည်း တည်​နေ​မည်။ စ​ပျစ်​ကိုင်း​သည်​အ​ပင်​၌​တည် မ​နေ​လျှင်​အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့ သင် တို့​သည်​ငါ​၌​တည်​မ​နေ​လျှင်​အ​သီး မ​သီး​နိုင်​ကြ။'' 5``ငါ​သည်​စ​ပျစ်​ပင်​ဖြစ်​၏။ သင်​တို့​ကား​အ​ကိုင်း အ​ခက်​များ​ဖြစ်​ကြ​၏။ ငါ​နှင့်​ကင်း​လျှင်​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တတ်​နိုင်​ကြ​သော ကြောင့် မည်​သူ​မ​ဆို​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သူ​၌​တည်​နေ​လျှင်​များ​စွာ​သော​အ​သီး ကို​သီး​လိမ့်​မည်။- 6ငါ​၌​မ​တည်​နေ​သော​သူ​သည် အ​ပြင်​သို့​ပစ် ထုတ်​ခြင်း​ကို​ခံ​ရ​၍ ခြောက်​သွေ့​သွား​သည့် အ​ကိုင်း​အ​ခက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ လူ​တို့ သည်​ထို​သို့​သော​အ​ကိုင်း​အ​ခက်​များ​ကို စု​သိမ်း​၍​မီး​ရှို့​တတ်​ကြ​၏။- 7သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​၏​တ​ရား သည်​လည်း​သင်​တို့​၌​တည်​နေ​လျှင် သင်​တို့ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို​ရ​ရှိ ကြ​လိမ့်​မည်။- 8သင်​တို့​သည်​များ​စွာ​သော​အ​သီး​သီး​ခြင်း အား​ဖြင့် ငါ့​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ တော်​ကို​ထွန်း​တောက်​စေ​၏။ ဤ​နည်း​အား​ဖြင့် သင်​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​လာ​ကြ ၏။- 9ခ​မည်း​တော်​သည်​ငါ့​ကို​ချစ်​သ​ကဲ့​သို့​ငါ သည်​သင်​တို့​ကို​ချစ်​၏။ ငါ​၏​မေတ္တာ​၌​တည် နေ​ကြ​လော့။- 10ငါ​သည်​ခ​မည်း​တော်​၏​ပ​ညတ်​တို့​ကို​စောင့် ထိန်း​၍​ခ​မည်း​တော်​၏​မေတ္တာ​၌​တည်​နေ​သ​ကဲ့ သို့ သင်​တို့​သည်​ငါ့​ပ​ညတ်​တို့​ကို​စောင့်​ထိန်း လျှင်​ငါ့​မေတ္တာ​၌​တည်​နေ​ကြ​လိမ့်​မည်။'' 11``သင်​တို့​သည်​ငါ​၏​ဝမ်း​မြောက်​ခြင်း​ကို​ခံ​စား ရ​လျက် အ​ပြည့်​အ​ဝ​ဝမ်း​မြောက်​နိုင်​ကြ​စေ ရန်​ဤ​စ​ကား​ကို​ငါ​ပြော​၏။- 12ငါ့​ပ​ညတ်​ကား​ငါ​သည်​သင်​တို့​ကို​ချစ်​သည့် နည်း​တူ သင်​တို့​သည်​အ​ချင်း​ချင်း​ချစ်​ကြ လော့။- 13မိ​မိ​၏​မိတ်​ဆွေ​အ​တွက်​အ​သက်​ကို​စွန့်​သော မေတ္တာ​ထက်​ကြီး​မြတ်​သည့်​မေတ္တာ​မ​ရှိ​တော့ ပြီ။- 14သင်​တို့​သည်​ငါ​ပ​ညတ်​သည့်​အ​တိုင်း​ပြု ကျင့်​လျှင် ငါ​၏​အ​ဆွေ​ဖြစ်​ကြ​၏။- 15ယ​ခု​မှ​စ​၍​သင်​တို့​အား​အ​စေ​ခံ​ဟူ​၍​ငါ မ​ခေါ်။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​စေ​ခံ​သည် သ​ခင်​ပြု​သည့်​အ​မှု​ကို​မ​သိ​သော​ကြောင့် ဖြစ်​၏။ ခ​မည်း​တော်​ထံ​မှ​ငါ​ကြား​ရ​သ​မျှ တို့​ကို​သင်​တို့​အား​ငါ​ပြော​ကြား​ပြီး​ဖြစ် သ​ဖြင့် သင်​တို့​ကို​အ​ဆွေ​ဟူ​၍​ငါ​ခေါ်​၏။- 16သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။- 17ထို့​ကြောင့်​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟု သင်​တို့​အား​ငါ​ပ​ညတ်​၏။''

17
14 ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​သူ တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​၏။ အ​ကျွန်ုပ်​သည် လော​က​နှင့်​မ​သက်​ဆိုင်​သ​ကဲ့​သို့​သူ​တို့​သည် လည်း​မ​သက်​ဆိုင်​ကြ​ပါ။ သို့​ဖြစ်​၍​လော​က သား​တို့​သည်​သူ​တို့​ကို​မုန်း​ကြ​ပါ​၏။-
book-open-2 READ

တ​ပည့်​တော်​တို့​အ​တွက် ဆု​တောင်း​တော်​မူ​ခြင်း

1ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ``အို အ​ဖ၊ အ​ချိန် ကျ​ပါ​ပြီ။ သား​တော်​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​နိုင်​ရန် သား တော်​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​ပါ။- 2သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။- 3ထာ​ဝ​ရ​အ​သက်​ဟူ​သည်​တစ်​ဆူ​တည်း​သော ဘု​ရား​ဖြစ်​တော်​မူ​သည့်​ကိုယ်​တော်​ကို​လည်း ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​ကို​လည်း​ကောင်း​သိ​ကျွမ်း​ခြင်း​ပင်​ဖြစ် ပါ​၏။- 4ဤ​လော​က​တွင်​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ​ပါ​ပြီ။ ကိုယ် တော်​အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​သော​အ​မှု တော်​ကို​အ​ပြီး​တိုင်​ဆောင်​ရွက်​ပြီး​ပါ​ပြီ။- 5အို အ​ဖ၊ ဤ​ကမ္ဘာ​မ​ပေါ်​မ​တည်​မီ​က​ကိုယ်​တော် နှင့်​အ​တူ​အ​ကျွန်ုပ်​ခံ​စား​ခဲ့​ရ​သည့်​ဘုန်း​အ​သ ရေ​ကို ယ​ခု​အ​ခါ​၌​ရှေ့​တော်​တွင်​အ​ကျွန်ုပ်​အား ပေး​တော်​မူ​ပါ။'' 6``ဤ​လော​က​ထဲ​မှ​ရွေး​ချယ်​၍​အ​ကျွန်ုပ်​လက် သို့​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင့်​အ​ကြောင်း​ကို ကြား​သိ​စေ​ပါ​ပြီ။ ထို​သူ​တို့​ကို​ကိုယ်​တော် ပိုင်​သ​ဖြင့် အ​ကျွန်ုပ်​အား​ပေး​အပ်​တော်​မူ​ပါ ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​လိုက်​နာ​ကြ​ပါ​ပြီ။- 7အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် အ​ထံ​တော်​မှ​ရ​ရှိ​ကြောင်း​ယ​ခု​သူ​တို့​သိ​ရှိ ကြ​ပါ​ပြီ။- 8အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​သော​တ​ရား တော်​ကို အ​ကျွန်ုပ်​သည်​သူ​တို့​အား​ပေး​အပ်​သော အ​ခါ​သူ​တို့​ခံ​ယူ​ကြ​ပါ​၏။ ကိုယ်​တော်​၏​ထံ တော်​မှ​အ​ကျွန်ုပ်​လာ​သည်​မှာ အ​မှန်​ပင်​ဖြစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​ပါ​၏။ ကိုယ်​တော်​သည်​အ​ကျွန်ုပ် အား​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း​သူ​တို့ ယုံ​ကြည်​ကြ​ပါ​၏။'' 9``အ​ကျွန်ုပ်​သည်​သူ​တို့​အ​တွက်​ဆု​တောင်း​ပါ​၏။ လော​က​သား​တို့​အ​တွက်​ဆု​တောင်း​သည်​မ​ဟုတ် ပါ။ အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော သူ​များ​သည်​ကိုယ်​တော်​ပိုင်​ဆိုင်​သူ​များ​ဖြစ် သ​ဖြင့် ထို​သူ​တို့​အ​တွက်​သာ​လျှင်​ဆု​တောင်း ပါ​၏။- 10အ​ကျွန်ုပ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ​၍ ကိုယ်​တော်​၌​ရှိ​သ​မျှ သော​အ​ရာ​တို့​ကို​လည်း​အ​ကျွန်ုပ်​ပိုင်​ပါ​၏။ ထို​အ​ရာ​များ​အား​ဖြင့်​အ​ကျွန်ုပ်​၏​ဘုန်း အ​သ​ရေ​ထွန်း​တောက်​ပါ​၏။- 11အ​ကျွန်ုပ်​သည်​အ​ထံ​တော်​သို့​လာ​မည်​ဖြစ်​၍ ဤ​လော​က​တွင်​ရှိ​တော့​မည်​မ​ဟုတ်​ပါ။ ထို​သူ တို့​မူ​ကား​ရှိ​ကြ​ပါ​မည်။ သန့်​ရှင်း​မြင့်​မြတ်​တော် မူ​သော​အ​ဖ၊ ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သည်​နည်း​တူ ဤ​သူ​တို့ သည်​လည်း​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ စေ​ရန် အ​ကျွန်ုပ်​အား​အပ်​နှင်း​ထား​တော်​မူ သည့်​နာ​မ​တော်​၏​တန်​ခိုး​ဖြင့်​သူ​တို့​ကို စောင့်​ထိန်း​ခဲ့​ပါ​၏။- 12အ​ကျွန်ုပ်​သည်​သူ​တို့​နှင့်​အ​တူ​ရှိ​စဉ်​သူ​တို့ ကို​ကာ​ကွယ်​စောင့်​ရှောက်​ခဲ့​ပါ​၏။ ကျမ်း​စာ​တော် လာ​သည့်​အ​တိုင်း​ဖြစ်​ပျက်​စေ​ရန်​ပျက်​စီး​ရ မည့်​သူ​တစ်​ဦး​မှ​လွဲ​၍ အ​ခြား​မည်​သူ​တစ်​စုံ တစ်​ယောက်​မျှ​ပျက်​စီး​မှု​မ​ရှိ​ခဲ့​ပါ။- 13ယ​ခု​မှာ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​ထံ​သို့ လာ​ပါ​မည်။ ထို​သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဝမ်း မြောက်​ခြင်း​ကို​စိတ်​နှ​လုံး​ထဲ​တွင်​အ​ပြည့် အ​ဝ​ခံ​စား​ကြ​ရ​စေ​ရန် ဤ​လော​က​တွင် ရှိ​နေ​စဉ်​အ​ကျွန်ုပ်​သည်​ဤ​စ​ကား​များ​ကို မြွက်​ဆို​ပါ​၏။- 14ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​သူ တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​၏။ အ​ကျွန်ုပ်​သည် လော​က​နှင့်​မ​သက်​ဆိုင်​သ​ကဲ့​သို့​သူ​တို့​သည် လည်း​မ​သက်​ဆိုင်​ကြ​ပါ။ သို့​ဖြစ်​၍​လော​က သား​တို့​သည်​သူ​တို့​ကို​မုန်း​ကြ​ပါ​၏။- 15သူ​တို့​အား​ဤ​လော​က​မှ​နုတ်​ယူ​တော်​မူ​ရန် အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​မ​ဟုတ်​ပါ။ သူ​တို့ သည်​မာရ်​နတ်​၏​ဘေး​မှ​ကင်း​လွတ်​မည့်​အ​ကြောင်း စောင့်​ထိန်း​တော်​မူ​ရန်​ကို​သာ​တောင်း​လျှောက်​ပါ​၏။- 16အ​ကျွန်ုပ်​သည်​ဤ​လော​က​နှင့်​မ​သက်​ဆိုင် သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​မ​သက်​ဆိုင် ကြ​ပါ။- 17သူ​တို့​အား​သမ္မာ​တ​ရား​အား​ဖြင့်​ကိုယ်​တော် ၏​အ​တွက်​သီး​သန့်​ဆက်​ကပ်​ထား​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​သမ္မာ​တ​ရား ဖြစ်​ပါ​၏။- 18ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည်​လည်း သူ​တို့​ကို​ဤ​လော​က​ထဲ​သို့​စေ​လွှတ်​ပါ​၏။- 19သူ​တို့​သည်​အ​မှု​တော်​ဆောင်​ရန်​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​အ​မှန်​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​သူ​တို့​၏​အ​ကျိုး​ကို ထောက်​၍​မိ​မိ​ကိုယ်​ကို​ဆက်​ကပ်​ပါ​၏။'' 20``အ​ကျွန်ုပ်​သည်​ထို​သူ​တို့​အ​တွက်​သာ​လျှင် ဆု​တောင်း​သည်​မ​ဟုတ်​ပါ။ သူ​တို့​ဟော​ပြော ချက်​ကြောင့်​အ​ကျွန်ုပ်​ကို​ယုံ​ကြည်​လာ​သူ​များ အ​တွက်​လည်း​ဆု​တောင်း​ပါ​၏။- 21ထို​သူ​အ​ပေါင်း​တို့​သည်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​စေ​ရန်​ဆု​တောင်း​ပါ​၏။ အို အ​ဖ၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​တည်​ရှိ​တော်​မူ​၍​အ​ကျွန်ုပ်​သည် လည်း​ကိုယ်​တော်​၌​တည်​ရှိ​သ​ကဲ့​သို့ ထို​သူ​တို့​သည် အ​ကျွန်ုပ်​တို့​၌​တည်​ရှိ​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ် ကို​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လော​က သား​တို့​ယုံ​ကြည်​ကြ​စေ​ရန် ထို​သူ​တို့​ကို​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော်​မူ​ပါ။- 22ကိုယ်​တော်​နှင့်​အ​ကျွန်ုပ်​သည်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သ​ကဲ့​သို့​ထို​သူ​တို့​သည်​လည်း​ဖြစ် ကြ​စေ​ရန် အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ပေး​တော် မူ​သော​ဘုန်း​အ​သ​ရေ​တော်​ကို​သူ​တို့​အား ပေး​ပါ​ပြီ။- 23အ​ကျွန်ုပ်​သည်​သူ​တို့​၌​လည်း​ကောင်း၊ ကိုယ်​တော် သည်​အ​ကျွန်ုပ်​၌​လည်း ကောင်း​တည်​ရှိ​သ​ဖြင့် သူ တို့​သည်​လုံး​ဝ​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သော အား​ဖြင့် ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​စေ​လွှတ် တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​အား​ချစ်​တော်​မူ သ​ကဲ့​သို့ သူ​တို့​အား​လည်း​ချစ်​တော်​မူ​ကြောင်း ကို​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သိ​ရှိ​ကြ​မည်​ဖြစ် ပါ​၏။'' 24``အို အ​ဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​၍​ပေး​တော်​မူ​သော​ဘုန်း အ​သ​ရေ​ကို အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တို့​သည်​မြင်​ကြ​စေ​ရန် အ​ကျွန်ုပ် ရှိ​ရာ​အ​ရပ်​တွင်​သူ​တို့​အား​ရှိ​စေ​လို​ပါ​၏။- 25တ​ရား​မျှ​တ​တော်​မူ​သော​အ​ဖ၊ လော​က​သား တို့​သည်​ကိုယ်​တော်​ကို​မ​သိ​ကြ​သော်​လည်း အ​ကျွန်ုပ်​သိ​ပါ​၏။ ဤ​သူ​တို့​သည်​အ​ကျွန်ုပ် အား​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သိ​ကြ​ပါ​၏။- 26အ​ကျွန်ုပ်​အ​ပေါ်​၌​ကိုယ်​တော်​ရှင်​ထား​တော်​မူ သော​မေတ္တာ​တော်​သည်​သူ​တို့​၌​ကိန်း​အောင်း​၍ အ​ကျွန်ုပ်​သည်​လည်း​သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကိန်း​အောင်း​နိုင်​စေ​ရန်​ကိုယ်​တော်​အ​ကြောင်း ကို​သူ​တို့​အား​အ​ကျွန်ုပ်​ကြား​သိ​စေ​ခဲ့​ပါ ပြီ။ ဆက်​လက်​၍​လည်း​ကြား​သိ​စေ​ပါ​ဦး​မည်'' ဟု​မြွက်​ဆို​တော်​မူ​၏။

19
30 ထို​သူ​တို့​က ``ဤ​သူ​သည်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ ကူး​လွန်​သူ​မ​ဟုတ်​ပါ​က သူ့​အား​အ​ရှင့်​ထံ​သို့ အ​ကျွန်ုပ်​တို့​ခေါ်​ဆောင်​လာ​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ကြ​၏။
book-open-2 READ

ကိုယ်​တော်​အ​သက်​ချုပ်​တော်​မူ​ခြင်း

28ထို​အ​ချိန်​၌​အ​မှု​ခပ်​သိမ်း​ပြီး​စီး​ပြီ​ဖြစ် ကြောင်း​ကို​သ​ခင်​ယေ​ရှု​သိ​တော်​မူ​သ​ဖြင့် ကျမ်း​စာ​တော်​လာ​သည်​အ​တိုင်း​ဖြစ်​ပျက် စေ​ရန်​ကိုယ်​တော်​က ``ငါ​ရေ​ငတ်​သည်'' ဟု မိန့်​တော်​မူ​၏။ 29ထို​နေ​ရာ​တွင်​ပုန်း​ရည်​အ​ပြည့်​ထည့်​ထား သော​အိုး​တစ်​လုံး​ရှိ​၏။ ထို​သူ​တို့​သည်​ရေ မြှုပ်​တစ်​ခု​ကို​ပုန်း​ရည်​တွင်​နှစ်​၍​ဟု​ဿုပ်​ပင် အ​ကိုင်း​အ​ဖျား​၌​တပ်​ပြီး​လျှင်​ကိုယ်​တော် ၏​ခံ​တွင်း​တော်​သို့​ကမ်း​ပေး​ကြ​၏။- 30သ​ခင်​ယေ​ရှု​သည်​ထို​ပုန်း​ရည်​ကို​သောက်​တော် မူ​ပြီး​မှ ``အ​မှု​ပြီး​ပြီ'' ဟု​မိန့်​တော်​မူ​ကာ ဦး​ခေါင်း​တော်​ကို​ငိုက်​လျက်​အ​သက်​ချုပ် တော်​မူ​၏။ နံ​တော်​ကို​လှံ​ဖြင့်​ထိုး​ခြင်း 31ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။- 32ထို့​ကြောင့်​စစ်​သား​များ​သည်​လာ​၍​သ​ခင်​ယေ​ရှု နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင်​ခံ​ရ​သော ပ​ထ​မ​လူ​၏​ခြေ​များ​ကို​ချိုး​ပြီး​လျှင် အ​ခြား တစ်​ယောက်​၏​ခြေ​များ​ကို​လည်း​ချိုး​ကြ​၏။- 33ကိုယ်​တော်​ထံ​သို့​ရောက်​ကြ​သော​အ​ခါ​အ​သက် ချုပ်​တော်​မူ​ပြီး​ကြောင်း​ကို​တွေ့​ရှိ​သ​ဖြင့် ခြေ တော်​တို့​ကို​မ​ချိုး​ကြ​တော့​ချေ။- 34သို့​ရာ​တွင်​စစ်​သား​တစ်​ယောက်​သည်​ကိုယ်​တော် ၏​နံ​တော်​ကို​လှံ​ဖြင့်​ထိုး​လိုက်​ရာ​ချက်​ချင်း ပင်​သွေး​နှင့်​ရေ​ထွက်​လာ​၏။- 35(ဤ​အ​ဖြစ်​အ​ပျက်​ကို​သင်​တို့​သည်​လည်း​ယုံ ကြည်​ကြ​စေ​ရန်​မျက်​မြင်​သက်​သေ​တစ်​ဦး က​ဖော်​ပြ​ပါ​၏။ ထို​သူ​၏​ဖော်​ပြ​ချက်​သည် မှန်​ကန်​ပါ​၏။ ထို​သူ​ကိုယ်​တိုင်​ပင်​မိ​မိ​စ​ကား မှန်​ကန်​ကြောင်း​ကို​သိ​ပါ​၏။)- 36ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ ``သူ​၏​အ​ရိုး​တစ် ချောင်း​မျှ​မ​ကျိုး​စေ​ရ'' ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​တည်း။- 37အ​ခြား​ကျမ်း​စာ​တစ်​ပုဒ်​တွင်​လည်း ``ထို​သူ တို့​သည်​မိ​မိ​လှံ​ဖြင့်​ထိုး​ဖောက်​သော​သူ​ကို ရှု​ကြည့်​ကြ​ရ​လိမ့်​မည်'' ဟု​ပါ​ရှိ​သေး​၏။

20
19 ထို​အ​ခါ သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​ထို​သူ​တို့ အ​လယ်​မှာ​ရပ်​တော်​မူ​လျက် ``သင်​တို့​၌​ငြိမ် သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။-
book-open-2 READ

တ​ပည့်​တော်​တို့​အား ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း

19တ​ပည့်​တော်​တို့​သည်​ယု​ဒ​အာ​ဏာ​ပိုင်​တို့​ကို ကြောက်​သ​ဖြင့်​တ​နင်္ဂ​နွေ​နေ့​ည​ဦး​အ​ချိန်​၌ အိမ်​တံ​ခါး​ပိတ်​၍​စု​ဝေး​နေ​ကြ​၏။ ထို​အ​ခါ သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​ထို​သူ​တို့ အ​လယ်​မှာ​ရပ်​တော်​မူ​လျက် ``သင်​တို့​၌​ငြိမ် သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။- 20သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​၏​လက်​တော် များ​နှင့်​နံ​တော်​ကို​တ​ပည့်​တော်​တို့​အား​ပြ တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​သ​ခင်​ဘု​ရား ကို​တွေ့​မြင်​ရ​သော​အ​ခါ​ဝမ်း​မြောက်​ကြ​၏။- 21ထို​နောက်​တစ်​ဖန်​သ​ခင်​ယေ​ရှု​က ``သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်​နည်း​တူ​သင်​တို့​ကို ငါ​စေ​လွှတ်​၏'' ဟု​မိန့်​တော်​မူ​၏။- 22ဤ​သို့​မိန့်​တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​အ​ပေါ်​သို့​မှုတ်​တော်​မူ​လျက် ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ကြ လော့။- 23သင်​တို့​သည်​လူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် လျှင်​သူ​တို့​သည်​အ​ပြစ်​လွတ်​ကြ​လိမ့်​မည်။ သင် တို့​မ​ဖြေ​မ​လွှတ်​လျှင်​မူ​ကား​သူ​တို့​အ​ပြစ် ပြေ​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။